FA ဖလား စတုတ္ထအဆင့်(ပြန်ကန်ပွဲ) ပွဲကြိုသုံးသပ်ချက်

FA ဖလား စတုတ္ထအဆင့်(ပြန်ကန်ပွဲ) ပွဲကြိုသုံးသပ်ချက်
Published 4 February 2020

 

ကာဒစ်ဖ် နှင့် ရက်ဒင်း (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

လိဂ်ချန်ပီယံရှစ်(၂)သင်း တွေ့ဆုံကြတာဖြစ်သလို ရပ်တည်မှုချင်းလည်း မကွာခြားပါဘူး။ လတ်တလောရလဒ်ပိုင်းအရ ကာဒစ်ဖ်ဘက်ကပဲ ရပ်တည်ချင်တယ်။

ဒါဘီ နှင့် နော်သမ်တန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဒါဘီအသင်း တန်းတက်ဇုန်နဲ့အမှတ်ကွာသွားလို့ FA ဖလားဘက်ကို အာရုံစိုက်လာနိုင်တယ်။ League Two ကလပ် နော်သမ်တန်ကို ဒါဘီ ဂိုးပြတ်သွင်းဖို့များတယ်။

ဘာမင်ဂမ် နှင့် ကိုဗင်ထရီ (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

နှစ်သင်းစလုံး လတ်တလောရလဒ်တွေ ကောင်းနေကြတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်း League One က ကိုဗင်ထရီကို အနိုင်ယူမှာပါ။

လီဗာပူးလ် နှင့် ရှရူးဘူရီ (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

အခုပွဲကို နည်းပြ ယာဂန်ကလော့ပ် တာဝန်ယူကြီးကြပ်မှာမဟုတ်ဘဲ ယူ-၂၃အသင်းနည်းပြ ခရစ္စလေက ကိုင်တွယ်မှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ယူ-၂၃ အသင်းနဲ့ပဲ အန်ဖီးလ်မှာ League One ကလပ် ရှရူးဘူရီကို ရင်ဆိုင်ဖို့ရှိပြီး အဲလိယတ်၊ ကာတစ်ဂျုံးစ်တို့ ကစားဖို့ရှိပါတယ်။ အိမ်ကွင်းမှာတော့ လီဗာပူးလ် အနိုင်ကစားမှာပါ။

အောက်စဖို့ဒ် နှင့် နယူးကာဆယ် (ဗုဒ္ဓဟူးနံနက် ၂း၃၅ နာရီ)

နယူးကာဆယ်ရဲ့ FA ဖလားအစဉ်အလာကြောင့် သတိထားစရာအနေအထားပါပဲ။ League One ကလပ် အောက်စ ဖို့ဒ်နဲ့စွန့်စားတာ ပိုကောင်းမယ်။

 

 

Most Read

Most Recent