ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည် သုံးပွင့်ဆိုင်ချိတ်ဆက်နေပြီး တစ်ခုချိုးဖောက်ခံရပါက အခြားနှစ်ခုပါချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်နှင့်တွေ့ဆုံစဉ် ပြောကြား

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည် သုံးပွင့်ဆိုင်ချိတ်ဆက်နေပြီး တစ်ခုချိုးဖောက်ခံရပါက အခြားနှစ်ခုပါချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်နှင့်တွေ့ဆုံစဉ် ပြောကြား
နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အသစ်တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
Published 24 January 2020

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည် သုံးပွင့်ဆိုင်ချိတ်ဆက်နေပြီး တစ်ခုချိုးဖောက်ခံရပါက အခြား နှစ်ခုပါ ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အသစ်နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန် မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှ င် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များအား ဇန် နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံလမ်းညွှန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ယခုကော်မရှင်ကိုဥပဒေနှင့်အညီ စိစစ် ရွေးချယ်ရေးအဖွဲ့က တင်ပြလာသည့် ကော်မရှင် အဖွဲ့ဝင်လောင်းများထဲမှ ထပ်မံစိစစ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊  ယနေ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးသည်  ရှေ့တန်းသို့ရောက်ရှိလာ ပြီဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့တွင် ပါရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း ကျင့်သုံးမှုအားနည်း၍ နိုင်ငံသားများရရှိခံစားမှုလည်းနည်းပါးကြောင်း၊ ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများဆိုပြီးပါရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

“ယခုကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ ဗဟုသုတ ကြွယ်ဝအောင်၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်အောင် ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရဲစခန်း၊ ရဲ အချုပ်စခန်း၊ ရဲဘက်စခန်းနှင့် အကျဉ်းစခန်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများကို စနစ်တကျကြည့်ရှုစစ်ဆေးသွားရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး၏ ထူးခြားသော ၀ိသေသများမှာ တစ်ကမ္ဘာလုံး ရှိ လူသားအားလုံးနှင့် သက်ဆိုင်သည့်အခွင့် အရေးဖြစ်ကြောင်း၊ တစ်ဦးမှတစ်ဦး မလွှဲ ပြောင်းနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး၊ အသားအရောင်၊ လူမျိုးဟူ၍ မခွဲခြားနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း၊ အပြန်အလှန်ဆက်နွှယ်နေသောအခွင့်အရေး ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးအမှီသဟဲပြုနေသည့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း” နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောကြားသည်။

ထို့ပြင် လူ့အခွင့်အရေးသည် ယခုနိုင်ငံ တော်က တည်ဆောက်နေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့်လည်း ဆက်စပ်နေကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုး ရေးသည် သုံးပွင့်ဆိုင်ချိတ်ဆက်နေကြောင်း၊ တစ်ခုချိုးဖောက်ခံရပါက အခြားနှစ်ခုပါ ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကို ကာကွယ် မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ပါ ကျွဲကူးရေ ပါ အလိုလို ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူး ဂရုစိုက် ထိန်းသိမ်းပေးစေလိုကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ အဖွဲ့ဝင်များဖြစ် သည့် ဒေါက်တာသန်းမြင့်၊ ဦးကျော်မြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဦးပေါ် လွင်စိန်တို့က ကဏ္ဍအလိုက်ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြ ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များအပေါ် ကော်မရှင်၏ လုပ်ငန်းတာဝန်များသည် ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ ပြည်သူပြည်သားများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လိုက်နာစေရန် အသိပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရေးကိုအဆင့်ဆင့် တိုးတက်ပြောင်းလဲလာရန်၊ နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးများကို ရရှိခံစားနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက် ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးမင်းသူ၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီးဗိုလ်ချုပ်အောင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါ်နုနုယဉ်၊ ဒေါက်တာ တင်မောင်မောင်သန်း၊ ဒေါက်တာ မြင့်သူမြိုင်၊ ဦးတင်အောင်၊ ဒေါ်တင်ကြည်ဦးနှင့် ဦးကျော် မြင့်တို့ တက်ရောက်ကြကြောင်း သိရသည်။

 

Most Read

Most Recent