အကြောင်းကြောင်းကြောင့် တွေ့ကြုံ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို အမှန်တရား၊ တရားမျှတမှုနှင့် ရိုးသားပွင့်လင်းမှု လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

အကြောင်းကြောင်းကြောင့် တွေ့ကြုံ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို အမှန်တရား၊ တရားမျှတမှုနှင့် ရိုးသားပွင့်လင်းမှု လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား
Published 1 January 2020
ဆန်းထူးအောင်

အကြောင်းကြောင်းကြောင့် တွေ့ကြုံ ရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို အမှန်တရား၊ တရားမျှတမှုနှင့် ရိုးသားပွင့်လင်းမှုလက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် အောင်မြင်စွာ ကျော် လွှားနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်မိန့်ခွန်းပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ကြောင်း၊ မိမိတို့ နိုင်ငံတော်အစိုးရအနေနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းသာယာ ဝပြော တိုးတက်မှုများနှင့်အတူ နိုင်ငံသူနိုင်ငံသား၏ ဘဝ သာယာချမ်းမြေ့ ပျော်ရွှင်အောင် ကောင်းမွန်သည့် ရည်မှန်းချက်ပန်းတိုင်များနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာချမှတ်ကာ ပြည် သူတို့၏ စုပေါင်းအင်အားနှင့်အတူ ကြိုးပမ်း ပုံဖော်နေကြောင်း၊ တိုင်းရင်းသားပြည်သူ အားလုံး ကာလရှည်ကြာ မျှော်လင့်တောင့် တခဲ့ရသည့် တန်းတူအခွင့်အရေး ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက် ပေးနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် မဆုတ်မနစ် ဆက် လက် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ယနေ့နိုင်ငံတော်တွင်အကြောင်းကြောင်းကြောင့် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများ၊ စိန်ခေါ်မှု များကိုလည်း အမှန်တရား၊ တရားမျှတမှုနှင့် ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းအားဖြင့် အောင်မြင်စွာ ကျော် လွှားလွန်မြောက်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြား သည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းစဉ်များ သည် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်ပေးကြရန် ပန်ကြားအပ်ကြောင်း၊ နှစ်သစ်အခါသမတွင် မိဘပြည်သူအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ၊ နိုင်ငံတစ်ဝန်း မေတ္တာ တရားလွှမ်းခြုံကာ ငြိမ်းချမ်းသာယာပါစေဟု ဆုမွန်ကောင်းတောင်းအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး ၂၀၂၀ နှစ်သစ်မင်္ဂလာနေ့ရက်တွင် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သသည်ဟု ပြောကြားသည်။

ကျွန်တော်တို့ ၂၀၁၉ ခုနှစ်ကို ကျော်လွန် ဖြတ်ကျော်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်က စပြီး ကျွန်တော်တို့နိုင်ငံအနေဖြင့် ပါတီစုံဒီမို ကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းခဲ့ သည်မှာ ကိုးနှစ်တာကာလကို ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ အတိတ်ကို ပြန်ကြည့်မယ်ဆိုပါ က အောင်မြင်ချင်းများရှိသလို အခက်အခဲ များကို ကျော်လွှားခဲ့ရခြင်းများလည်း ရှိ ကြောင်း၊၂၀၂၀ ပြည့်နှစ် သည် ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော် လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်း ကောင်း အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်ကြောင်း၊တပ်မတော်အနေဖြင့် အကောင်းဆုံးဖြစ်အောင်

ဆောင်ကြဉ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း အစစအရာရာချင့်ချိန် သုံးသပ်ကာ တပ်မတော်နှင့်လက်တွဲပြီး  ဒီ ၂၀၂၀ ကာလကိုလည်း ကျော်လွန်ဖြတ်ကျော်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါ ကြောင်း၊ မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ထပ် လောင်း ဆုတောင်းအပ်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။                                     

 

Most Read

Most Recent