ပေါ့ဘာနှင့် တွမ်မီနေးတို့ စပါးအသင်းနှင့် ကစားမည့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိ

ပေါ့ဘာနှင့် တွမ်မီနေးတို့ စပါးအသင်းနှင့် ကစားမည့်ပွဲတွင် ပြန်လည်ပါဝင်လာဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 3 December 2019

မန်ယူအသင်း၏ကွင်းလယ်တွင် ဒဏ်ရာကြောင့်အနားယူနေရသူများဖြစ်သည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာနှင့် စကော့တလန်ကွင်းလယ်လူ တွမ်မီနေးတို့သည် စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေကြောင်း သိရှိရသည်။ 

ယင်းကစားသမား(၂)ဦးစလုံးသည် ခြေချင်းဝတ်ဒဏ်ရာပြဿနာများရှိနေပြီး ပေါ့ဘာသည် ကာလရှည်အနားယူခဲ့ရကာ တွမ်မီနေးမှာမူ ရှက်ဖီးယူနိုက်တက်၊ အက်စတွန်ဗီလာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များကို လွဲချော်ခဲ့သည်။ 

ယခုအချိန်တွင် ယင်းကစားသမား(၂)ဦးစလုံးသည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သည်။ သို့သော် လာမည့်တစ်ပတ် စပါးအသင်းနှင့် ကစားမည့် ပွဲစဉ်တွင် ပြန်လည်ပါဝင်လာရန်အတွက်မူ ကြံ့ခိုင်မှုအခြေအနေအပေါ် သက်သေပြရန် လိုအပ်နေသေးသည်။ 

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားကမူ "သူတို့(၂)ဦးစလုံးရဲ့ ဒဏ်ရာအခြေအနေက တိုးတက်ကောင်းမွန်လာပါတယ်။ ပွဲတွေမကစားနိုင်သေးပေမယ့် သူတို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေကြပါ တယ်။ လာမယ့်ပွဲစဉ်မှာလည်း သူတို့ပြန်ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်မှုပြည့်ဝနေတယ်ဆိုတာကို သက်သေပြ နိုင်ဖို့တော့ လိုပါသေးတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လာမည့်ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် စပါးနှင့်ကစားပြီးနောက် စနေနေ့တွင် မန်စီးတီးအသင်း၏ကွင်းတွင် ဒါဘီပွဲစဉ်ကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

Most Read

Most Recent