အစိုးရ အဆက်ဆက်အသုံးပြုခဲ့ပြီး လက်ရှိအသုံးပြုခြင်းမရှိသော ဝန်ကြီးဌာနပိုင်မြေများနှင့် ကျေးရွာများရှိ စပါးဒိုင် အဆောက်အအုံနှင့်မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်

အစိုးရ အဆက်ဆက်အသုံးပြုခဲ့ပြီး လက်ရှိအသုံးပြုခြင်းမရှိသော ဝန်ကြီးဌာနပိုင်မြေများနှင့် ကျေးရွာများရှိ စပါးဒိုင် အဆောက်အအုံနှင့်မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်
Published 2 December 2019
စိုးမင်းထိုက်

အစိုးရအဆက်ဆက် အသုံးပြုခဲ့ပြီး လက်ရှိအသုံးပြုခြင်းမရှိတော့သည့် ဝန်ကြီးဌာနပိုင်မြေများဖြစ်သည့် စပါးဒိုင်အဆောက်အအုံနှင့်မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုအား အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့သည်။

ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ မှ ဦးကိုကိုနိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအ ဆက်ဆက်အသုံးပြုခဲ့သော လက်ရှိအသုံးပြု ခြင်းမရှိတော့ဘဲ တဖြည်းဖြည်းဟောင်းနွမ်း ယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အအုံများတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါးဒိုင်အဆောက်အအုံများနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူအကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာ များအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရန် ပြည် ထောင်စုအစိုးရ တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး ထောက်ခံသူများသည့်အတွက် အ မျိုးသားလွှတ်တော်၌ဆွေးနွေးရန် သဘောတူခဲ့သည်။

ဦးကိုကိုနိုင်က မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် မြို့နယ်အများစုတွင် ယခင်အစိုးရအဆက်ဆက် ဝန်ကြီးဌာနများက တည်ဆောက်အသုံးပြုခဲ့ကြပြီး ယခုပကတိအခြေအနေတွင် လုံးဝအသုံးပြုခြင်းမရှိတော့သည့် အဆောက်အဦများစွာ ကျန်ရှိနေကြောင်း၊ ယင်းအဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် မြေနေရာများသည် မြို့ပြ၏အချက် အချာကျသည့်နေရာများတွင် တည်ရှိနေသည့်အတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ အများပြည်သူအကျိုးဖြစ်ထွန်းနိုင်သည့် အဆောက်အ အုံများ ဆောက်လုပ်ရန်အတွက် သင့်လျော်သည့် နေရာကောင်းများအဖြစ် တည်ရှိနေကြောင်း အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးဌာနပိုင် မြေနေ ရာနှင့် အဆောက်အအုံများ၊ စက်မှုဝန်ကြီး ဌာနပိုင်မြေနေရာများ၊ ဝင်းသူဇာအရောင်းဆိုင်မြေနေရာများ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန စားသောက်ကုန်နှင့်အဖျော် ယမကာများ ဦးစီးဌာနပိုင်မြေနေရာများ၊ မြန်မာ့မီးရထားဝန်ကြီးဌာနပိုင် မြေနေရာများ၊ သမဝါယမဝန်ကြီးဌာနပိုင် မြေနေရာများ၊ စီမံဘဏ္ဍဝန်ကြီးဌာနပိုင် အကောင်အခွန်ဦးစီးဌာနမြေနေရာများသည် အများစု အဖြစ်တည်ရှိနေကြောင်း အဆိုတင်သွင်းစဉ် ပြောကြားသည်။

ထို့အတွက် လက်ရှိအစိုးရလက်ထက်တွင် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေ သည့်ကာလဖြစ်၍ ယင်းလုပ်ငန်းများကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် မြေနေရာများ လိုအပ် လာ ၍ အဆောက်အအုံများ ဆောက်လုပ်ရန် မြေနေရာအခက်အခဲများ ကြုံတွေ့နေရ ကြောင်း၊ လက်ရှိဝန်ကြီးဌာနများသည် ၎င်းတို့ အသုံးမပြုတော့သည့် ဝန်ကြီးဌာနပိုင်မြေနေရာနှင့် အဆောက်အအုံများကို ဒုတိယသမ္မတ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ပုဂ္ဂလိကပြုရေးကော်မရှင်သို့ အပ်နှံ၍ ကော်မရှင်မှတစ်ဆင့် ပုဂ္ဂလိကသို့ လေလံတင်ရောင်းချသည့်အခါ ငွေကြေးတတ်နိုင်သည့် စီးပွား ရေးလုပ်ငန်းရှင်များကသာ ဝယ်ယူအသုံးပြု ခွင့်ရသွားသည့်အတွက် အများပြည်သူအတွက် အသုံးပြုသင့်သည့်မြေနေရာများ လက် လွတ်ဆုံးရှုံးရကြောင်း ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ထောက်ခံသူများသည့်အတွက် အမျိုးသားလွှတ်တော် က ဆွေးနွေးရန် သဘောတူခဲ့ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

 

Most Read

Most Recent