သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ်  Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ

သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ်  Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
အဒီးနားမန်ဇယ် (ဝဲ)နှင့် ခရစ္စတင်းဘဲလ် (ယာ)တို့ကို Walk of Fame ဂုဏ်ပြုအခမ်းအနားတွင် တွေ့ရစဉ်( Photo: AFP)
အဒီးနားမန်ဇယ် (ဝဲ)နှင့် ခရစ္စတင်းဘဲလ် (ယာ)တို့ကို Walk of Fame ဂုဏ်ပြုအခမ်းအနားတွင် တွေ့ရစဉ်( Photo: AFP)
Published 21 November 2019

Frozen ဇာတ်ကားတွင် အန်နာဇာတ်ကောင်အဖြစ် နောက်ခံအသံသရုပ်ဆောင်ခဲ့သည့် ခရစ္စတင်းဘဲလ်နှင့်  ယင်းဇာတ်ကား၏ ဇာတ်ဝင်တေး Let it go! ကို သီဆိုခဲ့ပြီး အယ်လ်ဆာဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် အဆိုတော် သရုပ်ဆောင် အဒီးနားမန်ဇယ်တို့သည် နိုဝင်ဘာ ၁၉ ရက်တွင် ဟောလိဝုဒ် Walk of Fame ၌ ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

ဘဲလ်နှင့် မန်ဇယ်တို့သည် ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ချင်း ကပ်လျက် ဖော်ပြခံခဲ့ရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဘဲလ်သည် Veronica Mars နှင့် The Good Place ဇာတ်လမ်းတွဲတို့ဖြင့် အောင်မြင်မှုရရှိခဲ့ပြီး Couples Retreat ၊ When in Rome၊ You Again ၊ The Boss ၊ Bad Moms ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဘဲလ်သည် ဒစ္စနေ၏ အန်နီမေးရှင်းဇာတ်ကား Frozen 2 ဇာတ်ကားတွင် အန်နာမင်းသမီး ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည် ဖြစ်သည်။

“ လေးစားမြတ်နိုးရတဲ့ဒီလမ်းမှာ ကြယ်ပွင့်နဲ့ အခုလိုမျိုး ဂုဏ်ပြုခံရတာကို ကျွန်မအရမ်းကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကျေးဇူးတင်ပါတယ်။ အိပ်မက်တစ်ခုလိုပါပဲ” ဟု ဘဲလ်က ပြောကြားခဲ့သည်။         

ဘဲလ်သည် မန်ဇယ်အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ Let it go! သီချင်းဖြင့် (၈၆) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် Best Original Song ဆု ရရှိခဲ့သည့် မန်ဇယ်သည်လည်း Frozen 2 ဇာတ်ကားတွင် အယ်လ်ဆာဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည်ဖြစ်သည်။ Frozen 2 ဇာတ်ကားတွင် မန်ဇယ်၏ဇာတ်ကောင်သည် ပိုမိုကျယ်ပြန့်မှု ရှိသည်ဟုလည်း ဘဲလ်က ပြောကြားခဲ့သည်။

မန်ဇယ်သည် ဘရော့ဝေးဂီတပဒေသာ Rent တွင် ပါဝင်သည့် Maureen Johnson ဇာတ်ကောင်ဖြင် ထင်ရှားလာခဲ့့သည်။ ယင်းဂီတပဒေသာကို မှီငြမ်းရိုက်ကူးသည့် ဇာတ်ကားတွင်လည်း မန်ဇယ်က  Maureen Johnson ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ခဲ့သည်။ မန်ဇယ်သည် ၂၀၀၄ ခုနှစ် Tony ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည်။

ဟောလိဝုဒ်ဘိုလီဗာ့ဒ်လမ်းရှိ Walk of Fame တွင် ပြုလုပ်ခဲ့သည့် ယင်းအခမ်းအနားသို့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန် Eric Garcetti နှင့် ဝေါဒစ္စနေစတူဒီယို၏ ပူးတွဲ ဥက္ကဋ္ဌ အလန်ဟွန်းတို့လည်း တက်ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သည့် Frozen ၏ နောက်ဆက်တွဲဖြစ်သည့် Frozen 2 ဇာတ်ကားကို နိုဝင်ဘာ ၂၂ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

 

Most Read

Most Recent