အမျိုးသားလွှတ်တော်သို့တင်သွင်းသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် မော်တော်ယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်အရေအတွက် ကန့်သတ်ခြင်းဆိုင်ရာ အချက်များ ပယ်ဖျက်ထား

အမျိုးသားလွှတ်တော်သို့တင်သွင်းသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် မော်တော်ယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်အရေအတွက် ကန့်သတ်ခြင်းဆိုင်ရာ အချက်များ ပယ်ဖျက်ထား
Published 20 November 2019
စိုးမင်းထိုက်

အမျိုးသားလွှတ်တော်သို့ နိုဝင်ဘာ ၉ ရက်က တင်သွင်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် မော်တော်ယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည် ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း နှင့် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ် အရေအတွက် ကန့်သတ်ခြင်းဆိုင်ရာအချက်များကို ပယ်ဖျက်ထားကြောင်း သတင်းရရှိသည်။

ယင်းသို့ ပြင်ဆင်ချက်များ ပါဝင်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်သို့ တင်သွင်းရာတွင် အခန်း ၁၄ ခန်း၊ ပုဒ်မ ၉၈ ခုဖြင့် အသစ်ပြန်လည်ရေးဆွဲထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် လက်ရှိကျင့်သုံးနေသည့် မော်တော်ယာဉ်ဥပဒေအပေါ် ပြင်ဆင်ဖြည့်စွက်ထားကြောင်း၊ ဖြည့်စွက်ချက်များအနေဖြင့် မော်တော်ယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်အရေအတွက် ကန့်သတ် ခြင်းဆိုင်ရာများကို ပယ်ဖျက်ခြင်း၊ ရဲအရေး ယူမှုပြစ်မှုများ ပြင်ဆင်သတ်မှတ်ခြင်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေထူထောင် ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ မော်တော် ယာဉ်ကြောင့်ဖြစ်ပေါ်သည့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုနှင့် အသံဆူညံခြင်း လျော့ နည်းစေရေးဆောင်ရွက်ခြင်း၊ မော်တော် ယာဉ်ကြောင့် မတော်တဆဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာစေရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းကျဆင်းလာစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ် ကြောင့် ပြည်သူများ၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေနိုင်ရေးနှင့် လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူချောမွေ့နိုင်စေရေး စသည့်အချက်များစွာကို ပြင်ဆင် ဖြည့်စွက်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တင်သွင်းသည့် ယာဉ်အန္တ ရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုး သားလွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ တင်သွင်းခဲ့သည်။

ယင်းအစီရင်ခံစာတွင် ဒဏ်ငွေသတ် မှတ်မှုနှင့်ပတ်သက်၍ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေဆိုသည့် စကားရပ် အစား ကျပ်တစ်သိန်းထက်မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေဆိုသည့် စကားရပ်အစား ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဆိုသည့် စကားရပ်များဖြင့် အစားထိုးသင့် ကြောင်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးမည့်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

Most Read

Most Recent