မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည်ဆိုသည့် ပြင်ဆင်ချက်သည် ဒေသခံများအတွက် နစ်နာနိုင်၍ ပြန်လည်သုံးသပ်ရန် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆွေးနွေး

မဲဆန္ဒရှင် တစ်ဦးအနေဖြင့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည်ဆိုသည့် ပြင်ဆင်ချက်သည် ဒေသခံများအတွက် နစ်နာနိုင်၍ ပြန်လည်သုံးသပ်ရန် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆွေးနွေး
Published 15 November 2019
စိုးမင်းထိုက်

မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည် ဆိုသည့် ပြင်ဆင်ချက်သည် ဒေသခံများအတွက် နစ်နာနိုင်၍ ပြန်လည်သုံးသပ်ရန် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် နိုင်ငံရေးပါတီများက ယင်းသို့ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေကြမ်းတွင် ယင်းအချက်အား ထည့်သွင်း ပြင်ဆင်ထားခြင်းဖြစ်ပြီး အဆိုပါပြင်ဆင်ထားသည့် နည်းဥပဒေကို အတည်ပြုနိုင်ရန် လွှတ်တော် သို့ ရွေးကောက်ပွဲကော်မရှင်က ပေးပို့ထားသည်။

ယခင်က ရောက်ရှိသည့်ဒေသတွင် ရက်ပေါင်း ၁၈၀ နေထိုင်ပါက မဲပေးခွင့်ရှိသည်ဟု သတ်မှတ်ပြန်ဋ္ဌာန်းထားပြီး လွှတ်တော်သို့ ပေးပို့ထားရာတွင် ရက်ပေါင်း ၉၀ ဟု ပြင် ဆင်ထားကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဦးစိုင်းသီဟကျော်က ကျွန်တော့် အနေနဲ့ အခုဆွေးနွေးပွဲမှာ နှစ်ချက ်သုံးချက်ပဲ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် တင်ပြခဲ့ တာကတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်တဲ့ဥပဒေမှာ မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့ မဲပေးမယ့်သူတွေနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက ရက်ပေါင်း ၁၈၀ နေ ထိုင်ရင် မဲပေးခွင့်ရှိတယ်ဆိုပြီး သတ်မှတ် ထားတယ်။ အခုက ရက်ပေါင်း ၉၀ နေထိုင် ရင် မဲပေးခွင့်ရှိတယ်လို့ ပြင်ဆင်ထားတယ်။ ဒါဟာ မဖြစ်သင့်ဘူးဆိုပြီး ဆွေးနွေးခဲ့တယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီဒေသရဲ့ကိုယ် စားလှယ်တစ်ယောက်ကို ရွေးကောက်တင် မြှောက်ဖို့ မဲပေးတဲ့နေရာမှာ အဝေးကနေ လာပြီး သုံးလနေထိုင်ပြီး ရွေးကောက်တယ်ဆိုတာ မဖြစ်သင့်ဘူး။ နိုင်ငံပြင်ပကို ရောက်နေတဲ့သူတွေ သိန်းချီရှိပါတယ်။ အဲဒီလူတွေတောင် မဲပေးရင် ကိုယ့်ဒေသအတွက်ပဲ ပေးလို့ရတယ်။ တခြားဒေသက ကိုယ်စားလှယ်ကို မဲပေးခွင့် မရှိဘူး။ အခုလို သတ်မှတ်လိုက်မယ်ဆိုရင် တိုင်းရင်းသားဒေသတွေအတွက် တရားမျှတတယ်လို့ မခံစားရဘူး။ ဒါကို ပြန်သုံးသပ်သင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ နည်းဥပဒေကလည်း လွှတ်တော်ကို ရောက်နေလို့ လွှတ်တော်မှာလည်း ဆွေးနွေးခွင့်တော့ ရှိပါတယ်။ နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲဟာ မကျင်းပခင်ရော၊ ကျင်းပပြီးရင်ရော လွတ်လပ်ပြီး တရားမျှတဖို့ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးရင် လည်း တိုင်ကြားမှုတွေရှိလာမယ်။ အမှုတွေ ကို စိစစ်ရမယ်။ အဲဒီလို စိစစ်ဆုံးဖြတ်လာ တဲ့အခါမှာလည်း စိစစ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စရပ်တွေကလည်း တရားမျှတပြီး လွတ်လပ်ဖို့ လိုပါတယ်”ဟု မီဒီယာများအား ပြောကြားသည်။

ထို့ပြင် တိုကင်ကတ်ပြားသာပါပြီး တခြားအထောက်အထားမပါဘဲ မဲပေးခွင့်ပေးမည်ဆိုပါက မမှန်မကန်မှု ဖြစ်လာနိုင်ကြောင်း၊ မဲပေးရာတွင် လိုအပ်သည့်အထောက်အ ထားများ ယူလာသင့်ကြောင်း၊ အဆိုပါကိစ္စ ရပ် များကို ကော်မရှင်အနေဖြင့် တိတိကျကျ ထုတ်ပြန်ပေးသင့်ကြောင်း ၎င်းင်းဆက်လက် ပြောကြားသည်။

“ရက်ပေါင်း ၁၈၀ ကနေ ရက်ပေါင်း ၉၀ နည်းဥပဒေ ၁၀ ကိုပြင်တယ်။ အဲဒါပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာပုဒ်မ ၉၀ လုပ်ပိုင်ခွင့်အရပေါ့။ သူတို့က အဲဒီလိုပြော တယ်။ နည်းဥပဒေ ၁၀ ပြင်တယ်။ နောက် ၅ ပြင်တယ်။ ၁၀(ခ)ပြင်တယ်။အဲလိုတွေလာ တယ််။ ၅(ခ) က ဘာလဲဆိုတော့ ရွေးကောက် ပွဲဆိုင်ရာလူဦးရေစာရင်း၊ မဲဆန္ဒရှင်စာရင်း ပေါ့။ အဲဒါနဲ့ ရက်ပေါင်း ၉၀ နဲ့ ၁၈၀ က တော် တော်လေး ချိတ်ဆက်နေတယ်။ အဲဒါကို ကျွန်တော်တို့က အဓိကထားပြောတယ်။ဘာကြောင့်လဲဆိုတော့ ရက်ပေါင်း ၁၈၀ ကနေ ၉၀ ပြင်တာ ပိုပြီးဆိုးသွားတယ်။ ဒါက တိုင်းရင်းသားပါတီတချို့ ပြောတာက တိုင်း ရင်းသားပြည်နယ် ထိခိုက်တယ်ပဲ ပြောတယ်။ အမှန်ကတော့ မဟုတ်ဘူး။ တိုင်းဒေသကြီး ရော၊ ပြည်နယ်တွေရောအားလုံးအတွက် ထိ ခိုက်တာဖြစ်တယ်။ ရွှေ့ပြောင်းလုပ်သားဆို တာက ကျွန်တော်တို့က နိုင်ငံတော်စီမံကိန်း တွေရှိတယ်။ ဆောက်လုပ်ရေးစီမံကိန်း၊ လမ်းတံတားစီမံကိန်း။ အဲဒီတော့ မန္တလေး တိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် တိုင်းဒေသ ကြီးအတူတူပဲ။ အကုန်လုံးက ရွှေ့ပြောင်း လုပ်သားရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံရေး အဆုံးအဖြတ်ပေးတဲ့ မဲပေးဖို့အ ခွင့်ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေး အဆုံးအဖြတ်ဆိုတော့ လူမျိုးကို ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ခံယူတာ။ သက် ဆိုင်ရာဒေသရဲ့ နေထိုင်တဲ့သူတွေရဲ့နိုင်ငံရေး အဆုံးအဖြတ်ကို ရွေးကောက်ပွဲလုပ်တာ။ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့က မြို့နယ် ကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပတာကို။အဲဒီတော့ ပြည်နယ်တင်မကဘူး။ တိုင်းဒေသ ကြီးနဲ့ပါ ဆက်စပ်နေတယ်။ ဆက်စပ်တော့ ရက်ပေါင်း ၁၈၀ ပဲနေနေ ရက်ပေါင်း ၉၀ နဲ့ နေနေ အမှန်ကတော့ သက်ဆိုင်ရာဒေသရဲ့ နိုင်ငံရေးအခွင့်အလမ်းကို ခြောက်လနေသော သူ။ သုံးလနေတဲ့သူက လာပြီးဆုံးဖြတ်တယ် ဆိုတာ လုံးဝမဖြစ်သင့်တာပေါ့။ နိုင်ငံရေး လုပ်ငန်းစဉ်မှားနေတယ်။ အဲဒါက ကျွန် တော်တို့ပြောတာက ဖက်ဒရယ်နဲ့ လည်း မဆိုင်ဘူး။ နိုင်ငံသားအခွင့်အရေးနဲ့ ဒေသ ရဲ့နိုင်ငံရေးအခွင့်အလမ်းကို စွက်ဖက်ကျူး ကျော်ရာရောက်တယ်။ ဘာကြောင့်လဲဆို တော့ ဒီကိစ္စက ဒီလောက်လည်း ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး။ ခဏလာတဲ့သူက သူ့ဒေသ ပဲ သူပြန်ပေးရမယ်။ သူ့ရဲ့အိမ်ထောင်စုရှိတဲ့ နေရာပြန်ရမယ်။ ပြန်ဖို့ကို လုပ်ထုံးလုပ်နည်း တွေရှိပြီးသား။ အဝေးရောက် မဲပေးစနစ်တွေ ရှိတယ်။ နောက်ထပ် ကြိုတင်မဲပေးစနစ်တွေ ရှိတယ်။ အတွေ့အကြုံလည်း ရှိပြီးသား။တပ်ဆိုရင် ကြိုတင်မဲစနစ်တွေ လုပ်ထားတယ်။ မခက်ခဲတာကို ခက်ခဲတဲ့ အနေအထား ဖန်တီးပြီးတော့မှ သက်ဆိုင်ရာ ဒေသခံနိုင်ငံ သားတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်နေလို့ ကျွန်တော်တို့ အပြင်းအထန်ကန့် ကွက်ထားတာ”ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက မီဒီယာများအား ပြောကြားခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ရွေးကာက်ပွဲနှင့် ပတ်သက်ပြီး မည်သည့်နိုင်ငံခြားသား မှ ဝင်ရောက်စွက်ဖက် မခံနိုင်ဟု ကတိပေးသွားသည့်အတွက် ကျေနပ်ပြီး စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောကြားသည်။

“တပ်မဲရုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးခဲ့ပါဘူး။ တပ်မဲရုံတွေကို အပြင်ထုတ်မယ်။ အင်အားစာရင်းတွေ ပေးရမယ်ဆိုရင် မဖြစ်သင့်တဲ့ကိစ္စပဲ။ နေပြည်တော်နဲ့ အနီးတစ်ဝိုက်ကတော့ ပြဿနာမရှိဘူး။ နယ်စွန်နယ်ဖျား တပ်တွေကျ ဘယ်လိုလုပ်မလဲ။ အစောက ဥက္ကဋ္ဌပြောသွားသလို တပ်မဲကတော့ အပြင်ထုတ်ထုတ်၊ အတွင်းနေနေ ဒါကဒါပဲ။ အစောကပြောသလို ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်လောက်ရှိလည်း၊ ဘယ်လောက် လာပေးလဲဆိုတာကို မလိုလားအပ်တဲ့ သူတွေဆီ ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါကို သူတို့ထည့်စဉ်းစားဖို့ လိုပါတယ်။ အခု မဲစာရင်းတွေကို သူတို့ကောက်နေပြီ။ အန်ကယ်တို့ ပါတီတော့ မသိဘူး။ အဲဒီလိုကောက်ပြီးရင် မဲစာရင်းကို ကြိုတင်ပြီး ကပ်ဖို့တော့လို အပ်မယ်”ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောကြားသည်။

မဲစာရင်းကို အချိန်မီကြေညာပေးရန် လိုအပ်ကြောင်း၊ သို့မှသာ နာမည်မပါသူများ မပါသည့်အလျောက် တင်ပြခွင့်ရမှသာ ပြန်ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပြင်နိုင်မှ မဲပေး၍ ရမည်ဖြစ်ကြောင်း၊ ယခင်ကဲ့သို့ တိုကင်စနစ်ဖြင့် တိုကင်ပေးပြီးသည့်တိုင် မှတ်ပုံတင်ပါသွားရန် လိုအပ်ကြောင်း၊ တိုကင်ဖြင့် မဲပေးမည်ဆိုပါက မလိုလားအပ်သည့် ကိစ္စရပ်များဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent