စီးပွားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအကြို ရှေ့ပြေးလုပ်ဆောင်သည့် အာဆီယံ Prep- SOM နှင့် Prep- RCEP အစည်းအဝေးများ ပြုလုပ်

စီးပွားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအကြို ရှေ့ပြေးလုပ်ဆောင်သည့် အာဆီယံ Prep- SOM နှင့် Prep- RCEP အစည်းအဝေးများ ပြုလုပ်
Published 1 November 2019

စီးပွားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေး နွေးပွဲအကြို ရှေ့ပြေးလုပ်ဆောင်သည့် အာဆီယံ Prep-SOM  နှင့် Prep-RCEP ဆွေး နွေးပွဲများကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ သည်။

ယင်းဆွေးနွေးပွဲသည် နိုဝင်ဘာ ၂ ရက် နှင့် ၄ ရက်တွင် ပြုလုပ်မည့် အာဆီယံဒေသ တွင်း နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် စီးပွားရေးဆိုင်ရာဝန်ကြီးများ၏ အစည်းအဝေး ရှေ့ပြေးအကြိုပြင်ဆင်မှုအဖြစ် ပြုလုပ်ကြခြင်းလည်း ဖြစ်သည်။

ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် ပြုလုပ်သည့် ASEAN Senior Officials’  Prepa- ratory Meeting (Prep-SOM) အစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘူဆာရာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် လာမည့်နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံမှုအသိုက်အမြုံကောင်စီ အစည်းအဝေးတို့တွင် ဝန်ကြီးများ ပါဝင်ဆွေးနွေးမည့် ရှေ့ပြေးအကြောင်းအရာနှင့် အစည်းအဝေးဖြစ်မြောက်ရေးအတွက် စီမံဆောင်ရွက်မှုကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းအရာများအပေါ်  အဓိက ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံနိုင်ငံခြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခမ်ဆမ် တက်ရောက်ခဲ့သည်။

ထို့ပြင် စီးပွားရေးဆိုင်ရာထိပ်သီးဆွေးနွေးပွဲများ၏ အကြိုရှေ့ပြေးပြင်ဆင်မှုအဖြစ် အာဆီယံအကြီးတန်း စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲ (Prep-RECP)ကို လည်း နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိပြုလုပ် မည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင် ရာကိစ္စရပ်များနှင့်ပတ်သက်၍ ယခုအကြို ရှေ့ပြေးပြုလုပ်သည့် ဆွေးနွေးပွဲများမှာ များစွာအရေးကြီးသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ဒေသတွင်း ပြည့်စုံကောင်းမွန်သော စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု (RCEP) တွင် အာဆီယံ နိုင်ငံများနှင့် တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုများနှင့် စည်းမျဉ်း များကို ဆွေးနွေးရန် ရည်ရွယ်ချက်များလည်း ရှိနေကြောင်း သိရသည်။

အကယ်၍ တရုတ်အနေဖြင့် အာဆီယံအပြင် အာရှ - ပစိဖိတ်တစ်လျှောက် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှု တည်ဆောက်နိုင်ပါက ကမ္ဘာ့လူဦးရေ၏ထက်ဝက် နှင့် ကုန်သွယ်မှုရာခိုင်နှုန်း ၄၀ အထိ လွှမ်းမိုး ထားနိုင်မည်ဖြစ်ကြောင်းလည်း ယခင်ဆွေးနွေးပွဲကာလများအတွင်း ထုတ်ဖော်ပြောကြား ထားမှုများရှိခဲ့သည်။

တစ်ဖက်တွင်လည်း အာဆီယံအနေဖြင့် အမေရိကန်နှင့် တရုတ်အကြား အပြန်အ လှန်စည်းကြပ်ခွန်ချမှတ်မှုများ၏ ဂယက်ကို သတိပြုလုပ်ဆောင်ရန်လိုနေပြီး အာဆီယံနိုင်ငံများအချင်းချင်း ကွန်ရက်ချိတ်ဆက်မှု  တိုးတက်ကောင်းမွန်ရန်အတွက်လည်း ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ များတွင် ခေါင်းဆောင်များအနေဖြင့် ဆွေးနွေးခဲ့ပြီး ယခု ၃၅ ကြိမ်မြောက် အာဆီယံထိပ် သီးဆွေးနွေးပွဲတွင်လည်း ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။

RCEP ကြောင့် အရှေ့တောင်အာရှမှ တစ်ဆင့် စီးပွားရေးပြိုင်ဘက် တရုတ်အနေ ဖြင့် အခွန်လွတ်ထုတ်ကုန်များ ဝင်ရောက်နိုင်မှုအပေါ် အိန္ဒိယစျေးကွက်က သတိပြုပြီး ယင်းအခြေအနေမျိုးမဖြစ်ရန် အိန္ဒိယကလည်း ကြိုးပမ်းနေခြင်းလည်းဖြစ်ရာ ဒေသတွင်း စီးပွားရေးဆိုင်ရာ အားပြိုင်မှုအတွက် အရေးပါသော ဆွေးနွေးမှုများလည်း ဖြစ်လာသည်။

ကျွမ်းကျင်သူများကမူ လက်ရှိအာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် ကုန်သွယ်ရေး အငြင်းပွားမှုနှင့် တရုတ်၊ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်သက်ရောက်မှုကို အာဆီယံခေါင်းဆောင်များက ထိန်းညှိရလိမ့်မည်ဟု သုံးသပ်ထားသည်။

စီးပွားရေးဆိုင်ရာထိပ်သီးဆွေးနွေးပွဲ နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေး နွေးပွဲအကြို ရှေ့ပြေးလုပ်ဆောင်သည့် အာဆီယံ Prep-SOM နှင့် Prep-RCEP ဆွေးနွေးပွဲများကို ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကျင်းပမည့် Impact Arena ၌ပင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းနှင့် ညနေ ပိုင်းတို့တွင် ဆက်တိုက်ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent