ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၈) ရှိ နေအိမ်ထုပ်တန်းတွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးလျက်တွေ့ရှိ

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၈) ရှိ နေအိမ်ထုပ်တန်းတွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးလျက်တွေ့ရှိ
Published 8 October 2019
သက်ထွန်းအောင်

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၈)ရှိ နေ အိမ် ထုပ်တန်းတွင် လူတစ်ဦးဆွဲကြိုးချသေဆုံး လျက်တွေ့ရှိမှုနှင့်ပတ်သက်ပြီး အောက်တို ဘာ ၆ရက်နေ့တွင် မြို့မရဲစခန်း (ပြင်ဦးလွင်)မှ အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ အချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)နေ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း သတင်းအရ ဒုရဲမှူး လှိုင်မြင့်သိန်း(မြို့မရဲစခန်းမှူး၊ ပြင်ဦးလွင်)နှင့် အဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရာ အသက် ၂၀ နှစ်အ ရွယ် အမျိုးသားတစ်ဦး၊ မှီခိုသည် နေအိမ်မီးဖို ဆောင် အမြင့်ရှစ်ပေခန့်ရှိထုပ်တန်းတွင် အဖြူရောင်ချည်ကြိုးဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

မိခင်ဖြစ်သူ၏ ပြောပြချက်အရ သေဆုံးသူသည် စီးပွားရေးပြေလည်မှုမရှိကြောင်း၊ အခြားလူငယ်များနည်းတူ ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ မသုံးစွဲနိုင်ကြောင်း၊ ၎င်းတစ်ဦးတည်း နေထိုင်တတ်ကြောင်းနှင့် မိခင်၏ ဆူပူကြိမ်းမောင်း ပြောဆိုမှုအား လက်မခံနိုင်သဖြင့် ဆွဲကြိုးချသေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား ပြင်ဦးလွင်ဆေးရုံသို့ ပို့ အပ်ခဲ့ရာ PR ၁၀၃။၂၀၁၉ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်တွင် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ်စစ်ဆေးနိုင်ရန်အတွက် မြို့မရဲစခန်း (ပြင်ဦးလွင်)မှ သေမှုသေခင်းအမှတ်စဉ် (၂/ဘ၂၀၁၉)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။