လူသားချင်းစာနာမှုကိုပုံဖော်သည့် ဇာတ်ကားများပြသမည့် One Step Film Forum အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်

လူသားချင်းစာနာမှုကိုပုံဖော်သည့် ဇာတ်ကားများပြသမည့် One Step Film Forum အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်
Published 4 October 2019
လင်းလင်းခိုင်

လူသားချင်းစာနာထောက်ထားမှုကို ပုံ ဖော်ထားသည့်ဇာတ်ကားများအားပြသမည့် One Step Film Forum အား အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ Goethe-Institut ၌ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ One Step Film forum တွင် ပြသရန် အတွက် ဆန်ခါတင်ဇာတ်ကား ၁၁ ကားအား ရွေးချယ်ထားပြီး My Way is Punk၊ Turnocide၊ Undocumented Go Home ၊ The Ancestors’ Memories၊ Seeds of Sadness Pink၊ Mother at Arms ၊ Boys ၊ I am Golden Karen၊ A Blue Sky ၊ A Family Story၊ ဇာတ်ကားများဖြစ်ကြောင်း သိရသည်။

One Step Film forum တွင် ရွေးချယ်ထားသည့် ဇာတ်ကားများကို အခမဲ့ပြသမည်ဖြစ်ကာ ဇာတ်ကားတွင် ပုံဖော်ထားသည့် အကြောင်းအရာများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားသည့်စိတ်ထားများ ပိုမိုဖြစ် ပေါ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။ ရုပ်ရှင်ပွဲတော်တွင် ရွေးချယ်ထားသည့် ဇာတ်ကားများအား အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ Goethe-Institut ၌ သတ်မှတ်ထားသည့် ပြသချိန်များအတိုင်း ပြသမည်ဖြစ်သည်။ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီတွင် ပြုလုပ်မည်ဖြစ်ကာ အဖွင့်ရုပ်ရှင်ဇာတ်ကား အဖြစ် I am Golden Karen ဇာတ်ကားအား ပြသမည်ဖြစ်သည်။ ပြသမည့်ဇာတ်ကားများ အားလုံးတွင် အင်္ဂလိပ်စာတန်းရေးထိုးထားမည်ဖြစ်ကာ One Step Film Forum မှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဖွင့်ရုပ်ရှင်ဇာတ်ကားအဖြစ် ပြသမည့် I am Golden Karen ဇာတ်ကားမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော က ယန်းတိုင်းရင်းသား လူငယ်လေးတစ်ဦးမှာ မိမိ၏မိခင်နိုင်ငံသို့ ပြန်လည်နေထိုင်ရန်စိတ် အားထက်သန်လျက်ရှိကာ ပြည်ပနိုင်ငံတွင် နေထိုင်နေရသည့် အခြေအနေအပေါ် မေး ခွန်းထုတ်လျက်ရှိသည့် စိတ်အခြေအနေနှင့် ခံစားမှုများကို ပုံဖော်ထားသည့် မှတ်တမ်း ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီအချိန်တွင် ပြသမည်ဖြစ်သဖြင့် စိတ်ဝင်စားသူတိုင်း လာရောက်ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကာ ဇာတ်ကားအချိန်စာရင်းများကို One Step Film forum တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။