၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၄၀၀ ကျော် ဝင်ရောက်ထား

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၄၀၀ ကျော် ဝင်ရောက်ထား
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 22 September 2019
နီလာ

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၄၀၀ ကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိတွင် အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၃ ဒသမ ၅၃၃ သန်း ဝင်ရောက်မြှုပ်နှံထားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ် လကုန်အထိ ရေနံနှင့် သဘာဝဓာတ် ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၂၄၂၀ ဒသမ ၅၇၂ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ  ၂၁၁၇၈ ဒသမ ၁၃၂ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၁၄၃၀ ဒသမ ၄၃၄ သန်း၊ တယ်လီကွန်းနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၉၀၈ ဒသမ ၄၃၃ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၄၃၉ ဒသမ ၈၈၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃၀၉၈ ဒသမ ၉၃၆ သန်း စသည်ဖြင့် ဝင်ရောက်မြှုပ်နှံထား ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးရန်  ၁၅ ရက်သာ ကျန်ရှိချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ သန်း ၄၃၀၀ ကျော် ဝင်ရောက်ထားပြီး လျာထားချက်ပြည့်မီရန် ဒေါ်လာသန်း ၁၄၇၀ ကျော် လိုအပ်နေကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၅၈၀၀ အထိ ဝင်ရောက်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၁၅ /၂၀၁၉)ကို စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေး အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုအဆိုပြုလုပ်ငန်းသုံးခု၊ အတည်ပြု လုပ်ငန်းခုနစ်ခု စုစုပေါင်း ၁၀ ခုခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါအစည်းအဝေးကာလအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာ ဏ ဒေါ်လာ ၄၃ ဒသမ ၇၇၁ သန်း ကို ခွင့်ပြု/အတည်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အ ကိုင်အခွင့်အလမ်းပေါင်း ၅၆၁၉ ဦး ကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု /အတည်ပြုလုပ်ငန်း ၁၀ ခုမှာ စက်မှုကဏ္ဍမှ ကိုးခုနှင့်မွေးမြူရေးနှင့် ရေလုပ်ငန်းမှ တစ်ခုဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှု မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၆၂ ခု၊  ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၉၄ ဒသမ ၅၄၄ သန်းဖြစ် သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအ ပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၉၅၉ ဒသမ ၆၄၀ သန်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအ ရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ  စက်တင်ဘာ ၁၄ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၁၄ ရက်အထိ စုစုပေါင်းနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ ၄၃၂၁ ဒသမ ၉၂၀ သန်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးစီမံကိန်းကို ကာလတိုငါး နှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂  ခုနှစ်မှ ၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အ ထိ) အသီးသီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ်(Base Case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည် ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါး နှစ်ဖြစ်သည့်၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ် အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိရရှိရန် အသီးသီး ခန့်မှန်းထားကြောင်း သိရသည်။