သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် မြေရယူခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုရှိပြီး စီးပွားဖြစ်လည်ပတ်နေသော စက်ရုံပေါင်း ၇၂ ရုံက ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား

သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် မြေရယူခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုရှိပြီး စီးပွားဖြစ်လည်ပတ်နေသော စက်ရုံပေါင်း ၇၂ ရုံက ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား
 သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 22 September 2019
နီလာ

သီလဝါအထူးစီးပွားရေးဇုန် တွင် စက်ရုံတည်ဆောက်ရန် နိုင်ငံ ပေါင်း ၁၈ နိုင်ငံမှ မြေများရယူခဲ့ သည့် ကုမ္ပဏီပေါင်း ၁၀၈ ကုမ္ပဏီ ရှိပြီး စီးပွားဖြစ်လည်နေသည့်စက်ရုံ ပေါင်း  ၇၂ ခုတို့က ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော်အထိ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း  Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“သီလဝါအထူးစီးပွားရေးဇုန် မှာ ကုမ္ပဏီတွေက လုပ်ငန်းလည်ပတ်လျက်ရှိတဲ့စက်ရုံ အရေအတွက် များပြားလာတာနဲ့အမျှ ရေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုနှုန်းတိုး တက်လာမယ်လို့ မျှော်မှန်းထားပါ တယ်” ဟု ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည့် တိုယိုတာက သီလဝါ အထူးစီးပွားရေးဇုန်တွင် တိုယိုတာ မြန်မာ ကုမ္ပဏီလီမိတက်ကို ဒေါ်လာ  ၅၂ ဒသမ ၆ သန်းဖြင့် ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်ထုတ် လုပ်ရေး လုပ်ငန်း များ စတင်သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ ထုတ်လုပ်မည် ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန် တွင် တိုယို တာကားထုတ်လုပ်ရာတွင် လိုအပ်သည့်စက်ပစ္စည်း အစိတ်အပိုင်းများကို ရောင်းချနေ သည့်ကုမ္ပဏီများကိုပါ သီလဝါ  အထူးစီးပွားရေးဇုန်အတွင်း၌ လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်အောင် ဆွဲဆောင်၍ စီးပွားရေးကွင်းဆက်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဦးဝင်း အောင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်ဥပဒေ အရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာလလယ်အထိ သီလဝါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ သန်းကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သိရသည်။  

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းစက်ရုံများ ပိုမိုကျယ်ပြန့်စွာ လည်ပတ်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတကာဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) အနေဖြင့် ဘက်စုံထောက်ပံ့ပို့ ဆောင်ရေး ဗဟိုချက်စီမံကိန်း (Multimodal Logistic Hub) တစ်ခုဖြစ်လာစေရေးအတွက် ကြို တင်လေ့လာမှုများ ဆောင်ရွက်နေကြောင်း MTSH ၏ ၂၀၁၈-၂၀၁၉ Annual Report တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ ပြည်ပဖွံ့ဖြိုးမှု အကူအညီဖြင့် Thilawa Multipurpose International Terminal Co., Ltd (TMIT) ဘက်စုံသုံး သီလဝါဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဆိပ်ခံ တံတားတည်ဆော က်ခြင်းလုပ်ငန်း ပြီးစီးခြင်းအခမ်းအနား ကျင်းပ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေးအခွင့်အလမ်းကောင်းများစွာရှိပြီး အချက်အချာကျသည့်အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီး မြှုပ်နှံထားလျက်ရှိကြောင်း မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က  ပြောကြားသည်။