ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁) ကို ဂျပန်ကုမ္ပဏီသုံးခုက Main Contractor အဖြစ်ဆောင်ရွက်ပြီး မြန်မာဘက်မှ A1၊ ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီများက Sub Contractor များအဖြစ် ပါဝင်ဆောင်ရွက်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁) ကို ဂျပန်ကုမ္ပဏီသုံးခုက Main Contractor အဖြစ်ဆောင်ရွက်ပြီး မြန်မာဘက်မှ A1၊ ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီများက Sub Contractor များအဖြစ် ပါဝင်ဆောင်ရွက်မည်
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုမည့် ရထားသံလမ်းများ စက်တင်ဘာ ၁၆ ရက်က ရောက်ရှိစဉ်
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုမည့် ရထားသံလမ်းများ စက်တင်ဘာ ၁၆ ရက်က ရောက်ရှိစဉ်
Published 18 September 2019
                                ရွှန်းလဲ့ဝင်း

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်()အား ဂျပန်ကုမ္ပဏီသုံးခုက Main Contractor အဖြစ်ဆောင်ရွက်ပြီး မြန်မာဘက်မှ A1 ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီအပါအဝင် မြန်မာကုမ္ပဏီများက ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်()ဖြစ်သည့် ရန်ကုန်-တောင်ငူ လမ်းပိုင်းအဆင့်မြှင့်မှု အောက်တိုဘာ ရက်တွင် စတင်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် Main Contractor များအဖြစ် ဂျပန်နိုင်ငံမှ Sumitomo Corporation၊ TEKKEN- RJ JV၊ Tokyu Construction, Marubeni Niigata Constructionနှင့် Baron & Fujikura EPC CO. Ltd တို့နှင့် ကန်ထရိုက်စာချုပ်များအား လက်မှတ်ရေးထိုး ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်() ဖြစ်တဲ့ ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်မှုမှာ CP 1 ကတော့ Sumitomo Corporation က Main Contractor အဖြစ်ဆောင်ရွက်ပြီး အခြေခံအများဆုံး Sub Contractor အနေနဲ့ဆောင်ရွက်မှာက A1 ကုမ္ပဏီ ဖြစ်ပါတယ်။  CP 2 ကတော့ TEKKEN- RNJV က Main Contractor အဖြစ် ဆောင်ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက  Max နဲ့ ဒဂုံကုမ္ပဏီတို့ ဖြစ်ပါတယ်။  Cp 3 ကတော့ Tokyu က Main Contractor အဖြစ်ဆောင်ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက ရွှေတောင်ကုမ္ပဏီဖြစ်ပါတယ်။ အခြား Sub Contractor အဖြစ်ပါဝင်သွားမယ့် မြန်မာကုမ္ပဏီတွေကတော့ အများကြီးဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားသည်။   

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်() ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်မှု အောက်တိုဘာ ရက်တွင် စတင်မည်ဖြစ်သဖြင့် မူလနှစ်လမ်းသွားစနစ်မှ တစ်လမ်းစနစ်သို့ ယာယီပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးတွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းပြုပြင်မည့် အစီအစဉ်များကို မီဒီယာများသို့ ရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

စီမံကိန်းကာလအတွင်းမှာ ကျွန်တော်တို့ မြန့်မာ့မီးရထားအနေနဲ့ ရထားစင်းရေ လျှော့ချတဲ့နေရာမှာ ခရီးသွားလာမှု အနှောင့်အယှက်မဖြစ်စေဖို့အတွက် ရထားကို ဖျက်သိမ်းခြင်းမပြုဘဲ ပုံမှန်သွားလာနိုင်စေဖို့ စီစဉ်ပေးသွားမှာပါ။ ကုန်ပစ္စည်းတွေသယ်ယူမှု၊ ပါဆယ်ပစ္စည်းတွေ သယ်ယူမှုတွေမှာလည်း ပုံမှန်စီးဆင်းစေဖို့အတွက် နေ့စဉ်ပါဆယ် ရထားတစ်စင်းပြေးဆွဲဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က မီဒီယာများသို့ ပြောကြားသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ရန်ကုန်မှ တောင်ငူအထိ ၁၆၆ မိုင်အား အဆင့်()အဖြစ်လည်းကောင်း၊ တောင်ငူမှ မန္တလေးအထိ ၂၁၉ ဒသမ မိုင်အား အဆင့် ()အဖြစ်လည်းကောင်း နှစ်ပိုင်းခွဲခြားဆောင်ရွက်သွားမည် ဖြစ်သည်။