တရုတ်သို့ မြန်မာ့ဆန် တန်ချိန်တစ်သိန်းတင်ပို့ရန် ရေးထိုးထားသည့် MoU အရ လက်ရှိတွင် တန် ၈၈၅၀၀ ကို ကုန်ရောင်း စာချုပ်ချုပ်၍ တင်ပို့နေဆဲဖြစ်ပြီး လာမည့်ဒီဇင်ဘာ အပြီးတင်ပို့မည်

တရုတ်သို့ မြန်မာ့ဆန် တန်ချိန်တစ်သိန်းတင်ပို့ရန် ရေးထိုးထားသည့် MoU အရ လက်ရှိတွင် တန် ၈၈၅၀၀ ကို ကုန်ရောင်း စာချုပ်ချုပ်၍ တင်ပို့နေဆဲဖြစ်ပြီး လာမည့်ဒီဇင်ဘာ အပြီးတင်ပို့မည်
ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
Published 17 September 2019
နီလာ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်း တင်ပို့ရန် ရေးထိုးထားသည့်  MoU အရ လက်ရှိတွင် တန် ၈၈၅၀၀ ကို ကုန်ရောင်းစာချုပ်ချုပ်၍ တင်ပို့နေဆဲဖြစ်ပြီး လာမည့် ဒီဇင်ဘာတွင် အပြီးတင်ပို့နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

တရုတ်နိုင်ငံ COFCO နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့အကြား ရေးထိုးထားသော MoU တစ်ချိန် တစ်သိန်း အနက် တန် ၈၈၅၀၀ သည် ကုန်ရောင်းစာ ချုပ်ချုပ်ဆို၍ တင်ပို့နေဆဲဖြစ်ပြီး ဆန်တန်ချိန် တစ်သိန်းပမာဏ ပြည့်မီစွာ တင်ပို့နိုင်ရေးကို ဆက်လက်၍ ကုန်ရောင်းစာချုပ် ချုပ်ဆိုပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် အပြီးအစီးတင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ထပ်မံ၍ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ COFCO နှင့် MRF တို့အကြား စာချုပ်အသစ်တစ်ရပ် ကို  MoU ထပ်မံရေးထိုးပြီး ပိုမိုတိုးချဲ့ တင်ပို့ ရောင်းချရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၁၆ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၆၅၀  ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှု တန်ချိန် ၇၈၀၀၀၀ ကျော် လျော့ကျခဲ့ပြီး ဝင် ငွေဒေါ်လာသန်း ၃၅၀ ကျော်အထိလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၃ဝရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၁၆၄ သန်း တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၅၃ ဒသမ ၀၈၀ သန်းရရှိထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကာလတူတွင်မူ တန်ချိန် ၂ ဒသမ ၉၅၄ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၃ ဒသမ ၆၆၂ သန်း ရရှိထားခြင်းဖြစ်သည်။

အဆိုပါ ကာလအတွင်း ဆန်တန်ချိန်   ၁ ဒသမ ၇ သန်းကျော် တင်ပို့မှုမှ ဝင်ငွေအမေ ရိကန်ဒေါ်လာသန်း ၅၃၀ ကျော်ရရှိခဲ့သော် လည်း ယခင်နှစ်ကာလတူထက် တင်ပို့မှု တန် ချိန် ၇၇၀၀၀၀ ကျော်လျော့ကျခဲ့ပြီး ဝင်ငွေ အမေ ရိကန်ဒေါ်လာသန်း ၃၃၀ ကျော်လျော့ကျခဲ့သည်။

ထို့အတူ ဆန်ကွဲတန်ချိန် ၄၆၀၀၀၀ နီး ပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၂၀ ကျော် ရရှိခဲ့သော်လည်း ယခင်နှစ်ကာ လတူထက် တင်ပို့မှုတန်ချိန် ၁၇၀၀၀ ကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၄ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင် ခြင်းကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့ နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်တွင် အဓိကဆန်တင်ပို့မှု စျေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူနိုင်ငံတို့က ဝယ်ယူမှုကျဆင်းခဲ့သဖြင့် ယခင်နှစ်များထက် ဆန်တင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။