မော်တော်ယာဉ်များကို အခွန်စည်းကြပ်ရာတွင် ရောင်းသူနှင့်ဝယ်သူ အကျိုးဖြစ်ထွန်းစေရန် ၁၆၀၀ စီစီအထက်မှစ၍ စည်းကြပ်ရန် ပြင်ဆင်လိုကြောင်းနှင့် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများ လျှော့ချသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

မော်တော်ယာဉ်များကို အခွန်စည်းကြပ်ရာတွင် ရောင်းသူနှင့်ဝယ်သူ အကျိုးဖြစ်ထွန်းစေရန် ၁၆၀၀ စီစီအထက်မှစ၍ စည်းကြပ်ရန် ပြင်ဆင်လိုကြောင်းနှင့် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများ လျှော့ချသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 6 September 2019
စိုးမင်းထိုက်၊ စည်သူ

မော်တော်ယာဉ်များအား အခွန်စည်းကြပ်ရာတွင် ရောင်းသူနှင့် ဝယ်သူ အကျိုးဖြစ်ထွန်းစေရန် ၁၆၀၀ စီစီ အထက်မှစ၍ စည်းကြပ်ရန် ပြင်ဆင်လိုကြောင်းနှင့် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့်အခွန်နှုန်း ထားများကို လျှော့ချသင့်ဟု မောက်မယ်မဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်းက ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းငေါင်ဆိုင်ဟိန်းက အထူးကုန်စည်ခွန်အခန်းတွင် ပါဝင်သည့် မော်တော်ယာဉ်များနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များအား ပြင်ဆင်လိုကြောင်း၊ အထူးကုန်စည်အမျိုးအစားဖြစ်သည့် ဇယားအမှတ်စဉ် ၁၂(က)Double Cab,Foton,Pickup မှအပ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီ အထိကားများ၏ အင်ဂျင်ပါ၀ါသတ်မှတ်ချက်နေရာတွင် ၁၆၀၁ စီစီမှ ၂၀၀၀ စီစီအထိ ကားများဟု ပြင်ဆင်သတ်မှတ်လိုကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ မော်တော်ယာဉ်များကို အင်ဂျင်ပါ၀ါအလိုက် စည်းကြပ်ကောက်ခံသွားရန် စီစဉ်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  ယခုတင်သွင်းလာသည့် ဥပဒေကြမ်းတွင် ပြောင်းလဲထားမှုမရှိကြောင်း၊ ယခင်နှစ်က ဆွေးနွေးထားသည်များကို ပြန်လည်ဖော်ပြ ထားသည်ကိုတွေ့ရကြောင်း ပြောကြားသည်။

“လက်ရှိမူဝါဒအရ ၂၀၁၈ ခုနှစ်မှစကာ ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရှိပါ တယ်။ ယခင်က လူတန်းစားမရွေး ဝယ်ယူအသုံးပြုနိုင်တဲ့ တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်မရှိတော့တဲ့အတွက် လက်ရှိကားစျေး ကွက်မှာ ညာမောင်းကားဟောင်းများပင်  စျေးနှုန်းမြင့်မားလျက်ရှိပါတယ်။ ယခင် ညာ မောင်းကားအများစုဟာ ၁၃၀၀ စီစီနဲ့ ၁၅၀၀ စီစီအင်ဂျင်ကို အခြေခံထားတာများပါတယ်။အခုပြည်တွင်းထုတ် SKD စနစ်ထုတ် ဘယ်မောင်းကားတွေနဲ့ပြည်ပက အလုံးစုံတင်သွင်းတဲ့ကားတွေ၊ CPU ကားအများစုဟာ ၁၄၀၀ စီစီနဲ့ ၁၆၀၀ စီစီတို့မှာ အခြေခံထား တာကို တွေ့ရပါတယ်။ အလျား၊ အနံ၊ အမြင့်၊ ဝန်တင်အားအတူတူဖြစ်ပေမဲ့ အင်ဂျင်ပါ၀ါကြောင့် အခွန်စည်းကြပ်နှုန်း ကွာဟသွားတာ ဖြစ်ပါတယ်။ ထို့အတွက် နိုင်ငံတော်၏ မူဝါဒ နှင့်အညီ ရောင်းသူ၊ ဝယ်သူ အကျိုးဖြစ်ထွန်း စေဖို့ မော်တော်ယာဉ်အင်ဂျင်ပါ၀ါကို ၁၆၀၀ စီစီနဲ့အထက်မှစ၍ အခွန်စည်းကြပ်ဖို့ ပြင်ဆင်လိုခြင်းဖြစ်ပါတယ်” ဟု ဦးစိုင်းငေါင်ဆိုင်ဟိန်းက ဆွေးနွေးခဲ့သည်။

အထူးကုန်စည်ခွန်အခန်းတွင် ပါဝင်သည့် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများအား လျှော့ချသင့်သည်ဟု အကြံပြုလိုကြောင်း၊ လက်ရှိကား စျေးကွက်တွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများ၊ ပြည်ပမှ အလုံးစုံတင်သွင်းလာသောကားများ၊ အရောင်းပြခန်းများမှ  ကားများ အရောင်းအဝယ်အေးနေသည့် အနေအထားတွင်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် အခွန်အကောက်ဥပဒေကြမ်းတွင် ဝင်ငွေခွန် ငါးဆခန့်လျှော့ချမည်ဆိုသော်လည်း ကားအရောင်းအဝယ်စျေးနှုန်းများနှင့် တိုက်ရိုက်မပတ်သက်ကြောင်း၊ အမည်ပေါက်လုပ်ရန်နှင့် အခွန်ဆောင်ရန်အတွက်သာ အထောက်အပံ့ဖြစ်နိုင်ကြောင်း၊ မော်တော်ယာဉ်များအ ပေါ်စည်းကြပ်သည့်အခွန်နှုန်းထားများကို  လျှော့ချနိုင်မှသာ လိုက်လျောညီထွေမှုရှိမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးစနိုင်ငံအနေဖြင့် မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ဖြေလျှော့ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း၊ ထို့အတွက် ဥပဒေကြမ်း၏ ဇယားအမှတ်စဉ် ၁၂(ခ)တွင် ပြဋ္ဌာန်းထားသည့် စည်းကြပ်ခွန် ရာခိုင်နှုန်း ၃၀ အစား ရာခိုင်နှုန်း ၂၀ ၊ ၁၂ (ဂ)တွင် ပြဋ္ဌာန်းထားသည့် စည်းကြပ်အခွန် နှုန်းထားရာခိုင်နှုန်း ၅၀ ကို ရာခိုင်နှုန်း ၃၀ ဟုလည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်က ဥပဒေကြမ်းတွင် ပါဝင်သည့် အခန်း ၅ အထူးကုန်စည်ခွန်ဇယားအမှတ်စဉ် ၁၂(က၊ခ) မော်တော်ယာဉ်များနှင့် ပတ်သက်သည့် စည်းကြပ်အခွန်နှုန်းထားကို ပြင်ဆင်ထားသည်ကို မတွေ့ရကြောင်း၊ မော်တော်ယာဉ်များ၏ ဘယ်မောင်း၊ ညာမောင်း ပြဿနာကို ပြည်သူများကြုံတွေ့နေရကြောင်း၊ ညာမောင်းကားများအစား စနစ်မှန်သည့် ဘယ်မောင်းကားများအား ထွန်းကားလာစေရန် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒအတိုင်း ဘယ်မောင်းမော်တော်ယာဉ် Brand New ကားများအား အများပြည်သူ သက်သောင့် သက်သာနှင့် ဝယ်ယူအသုံးပြုစေလိုကြောင်း၊ ထို့အတွက် မူလဥပဒေကြမ်း ၁၂ (ခ) တွင် ရာခိုင်နှုန်း ၃၀ အစား ရာခိုင်နှုန်း ၂၀ ၊ ၁၂(ဂ) တွင် ရာခိုင်နှုန်း ၅၀ အစား ရာခိုင်နှုန်း ၄၀ အ ဖြစ် မော်တော်ယာဉ်များအပေါ် စည်းကြပ်နေ သည့် အခွန်နှုန်းထားများအား ဖြေလျှော့ပေး နိုင်မှသာ ကားစျေးမျှတလာမည်ဖြစ်ပြီး လူ တိုင်းလက်လှမ်းမီသည့် စနစ်မှန်ဘယ်မောင်း ကားသစ်များ စီးနိုင်ကြရန် ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။           

 

 

Most Read

Most Recent