၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဥပဒေကြမ်းပါ တင်ပြတောင်းခံထားသည့် ကျပ် ၃၂၃၃၉ ဘီလျံကျော်အနက် စိစစ်ရေးပူးပေါင်းအဖွဲ့များက ကျပ် ၄၁၈ဘီလျံကျော် လျှော့ချထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဥပဒေကြမ်းပါ တင်ပြတောင်းခံထားသည့် ကျပ် ၃၂၃၃၉ ဘီလျံကျော်အနက် စိစစ်ရေးပူးပေါင်းအဖွဲ့များက ကျပ် ၄၁၈ဘီလျံကျော် လျှော့ချထား
သြဂုတ် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
သြဂုတ် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Published 23 August 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၉-၂၀၂ဝဘဏ္ဍာရေးနှစ် ပြည် ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ကျပ် ၃၂၃၃၉၉၂၃ ဒသမ ၅၃၇ သန်း (ကျပ် ၃၂၃၃၉ ဘီလျံကျော်) တင်ပြတောင်းခံထားပြီး စိစစ်ရေးပူးပေါင်း အဖွဲ့များမှ ကျပ် ၄၁၈၀၇၄ ဒသမ ၆၄၈ သန်း (ကျပ်  ၄၁၈ ဘီလျံကျော်)လျှော့ချထားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေ ဆိုင်ရာလေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာများနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကေ်ာမတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်းဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေအဖြစ် ကျပ်သန်း ၂၀၆၉၃၃၉၀ ဒသမ ၆၀၃ တင်ပြထားမှုအား ကျပ် ၅၉၂၈၂ ဒသမ ၅၅၁ သန်း စိစစ်လျှော့ချထားကာ စိစစ်လျှော့ချပြီး ကျန်ငွေမှာ ကျပ် ၂၀၆၃၄၁၀၈ ဒသမ ၀၅၂ သန်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေအနေဖြင့် ကျပ် ၂၄၀၁၀၈၇ ဒသမ ၂၄၁ သန်းတင်ပြထားပြီး ကျပ် ၆၇၃၈ ဒသမ ၅၈၃ သန်းလျှော့ချထား၍ စိစစ်ပြီးကျန်ငွေမှာ ကျပ် ၂၃၉၄၃၄၈ ဒသမ ၆၅၈ သန်းဖြစ်ကြောင်း၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် ကျပ် ၇၈၂၅၂၀၅ ဒသမ ၆၁၈ သန်းတင်ပြထားပြီး စိစစ်လျှော့ချငွေမှာ ကျပ် ၃၅၂၀၅၃ ဒသမ ၅၁၄ သန်းဖြစ် ၍ ကျန်ငွေမှာ ကျပ် ၇၄၇၃၁၅၂ ဒသမ ၁၀၄ သန်းဖြစ်ကြောင်း၊ ကြွေးမြီသုံးငွေအနေဖြင့် ကျပ်သန်း ၁၄၂၀၂၄၀ ဒသမ ၀၇၅ တင်ပြထားမှုအား စိစစ်လျှော့ချထားခြင်းမရှိကြောင်း  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။

ယင်းသို့ သုံးငွေများအား စိစစ်လျှော့ချရာတွင် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးငွေများ၊ နိုင်ငံတကာထောက်ပံ့ငွေတို့နှင့် ဆက်စပ်နေသော အသုံးစရိတ်များအနေဖြင့် ပြည်ပအကူအညီရငွေ ကျပ် ၃၁၈၅၇ ဒသမ ၄၇၀ သန်း၊ ပြည်ပချေးငွေ ကျပ် ၁၈၀၁၅၄ ဒသမ ၆၂၉ သန်း၊ နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် သန်း ၁၅၀၀ ဒသမ ဝဝရဖြစ်၍ စုစုပေါင်းအ နေဖြင့် ကျပ် ၂၁၃၅၁၂ ဒသမ ၁၀၆ သန်းရှိကြောင်း ပူးပေါင်းကော်မတီ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၏ တင်ပြတောင်းခံမှုများအား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စိစစ်ရေးပူးပေါင်းကော်မတီအဖွဲ့(၂) အနေဖြင့် ကာ ကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံထားမှုများအား ဖြတ်တောက်ထားခြင်းမရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်လျာထားချက်ဖြစ်သည့် ကျပ် ၁၉၂၈၂၂၁ ဒသမ ၅၉၁ သန်း၊ အရေးပေါ်ရန်ပုံငွေ ကျပ် သန်း ၄၀၀၀၊ အတိုးပေးငွေ ကျပ် ၅၃၁၆ ဒသမ ၁၇၉ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် သန်း ၁၄၃၃၂၄၀ ဒသမ ၅၂၃၊ ကြွေးမြီ ကျပ် ၁၅၀၄၃ ဒသမ ၀၁၁ သန်းလျာထားတောင်းခံမှုအား စိစစ်လျှော့ချထားခြင်းမရှိကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ပညာရေဝန်ကြီးဌာနက တောင်းခံထားသည့် သာမန်အသုံးစရိတ် ကျပ် ၁၉၃၆၁၅၁ ဒသမ ၉၁၀ သန်းကို ကျပ် ၁၃၇၅၁ ဒသမ ၁၁၅ သန်း စိစစ်လျှော့ချထားကာ စိစစ်ပြီးကျန်ငွေ မှာ ကျပ်သန်း ၁၉၂၂၄၀၀ ဒသမ ၇၉၅၊ အရေး ပေါ်ရန်ပုံငွေ ကျပ်သန်း ၅၀၀ ၊ အတိုးပေးငွေ ကျပ် ၉၁၅ ဒသမ ၁၆၂ သန်း၊ ထောက်ပံ့ငွေ ကျပ် ၇၂၁၇ ဒသမ ၁၆၂ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် တင်ပြထားသည့် ကျပ် ၇၆၆၇၇၈ ဒသမ ၈၆၄ သန်းအား ကျပ် ၁၁၈၄၄ ဒသမ ၈၄၂ သန်း စိစစ်လျှော့ချထားသည့်အတွက် စိစစ်ပြီးကျန်ငွေမှာ ကျပ် ၇၅၄၉၃၄ ဒသမ ၀၂၂ သန်းဖြစ်ကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းထားသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ တင်ပြတောင်းခံထားသည့် သာမန်အသုံးစရိတ် ကျပ် ၇၀၆၇၉၁ ဒသမ ၄၆၁ သန်းအား ကျပ် ၄၁၂၂ သန်း စိစစ်လျှော့ချထား၍ စိစစ်ပြီး ကျန်ငွေမှာ ကျပ် ၇၀၂၆၆၉ ဒသမ ၄၆၁ သန်း ဖြစ်ကြောင်း၊ အရေးပေါ်ရန်ပုံငွေကျပ်သန်း ၃၀၀၊ အတိုးပေးငွေ ကျပ် ၈၇၆ ဒသမ ၄၆၂ သန်း၊ ထောက်ပံ့ငွေ ကျပ် ၃၈၆၈ ဒသမ ၆၉၆ သန်းအား လျှော့ချခြင်းမပြုကြောင်း၊ ငွေလုံး ငွေရင်းအသုံးစရိတ်အဖြစ် တင်ပြထားသည့် ကျပ် ၄၇၂၂၇၆ ဒသမ ၃၉၁ သန်းအား ကျပ် ၇၉၀၂ ဒသမ ၁၃၇ သန်း စိစစ်လျှော့ချထား၍ စိစစ်ပြီးကျန်ငွေမှာ ကျပ် ၄၆၄၃၇၄ ဒသမ ၂၅၄ သန်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကေ်ာမတီက အစီရင်ခံစာ တင်သွင်းထားသည်။

 

Most Read

Most Recent