ကာကွယ်ရေးဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေး ခန့်အပ်ခံရ

ကာကွယ်ရေးဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေး ခန့်အပ်ခံရ
Published 29 May 2024

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေးအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ်ကိုလေးအား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနေရာတွင် ဗိုလ်ချုပ်ကိုလေးကို အစားထိုးခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း ဗိုလ်ချုပ်အောင်လင်းထွန်းကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ထိုသို့ဖမ်းဆီးစစ်ဆေးရာတွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) ကိစ္စများနှင့် ဆက်စပ်နေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ထိုသို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်လင်းထွန်းကို ဖမ်းဆီးစစ်ဆေးနေမှုနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

နစကအနေဖြင့် ဗိုလ်ချုပ်အောင်လင်းထွန်းကို ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်က ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ယခင်က တပ်မ ၂၂ တပ်မမှူးနှင့် ဒုတိယစစ်ထောက်ချုပ်ရာထူး တာဝန်များကိုလည်း ထမ်းဆောင်ဖူးသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent