လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ မျက်ရည်တောက်တောက်ကျရသည်အထိ အခက်အခဲများရှိနေကြောင်းနှင့် တစ်လလျှင် အလုပ်သမားလစာ ကျပ်သိန်းနှစ်သောင်းအတွက် ခေါင်းခဲနေရကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား

လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ မျက်ရည်တောက်တောက်ကျရသည်အထိ အခက်အခဲများရှိနေကြောင်းနှင့် တစ်လလျှင် အလုပ်သမားလစာ ကျပ်သိန်းနှစ်သောင်းအတွက် ခေါင်းခဲနေရကြောင်း ဇေကမ္ဘာဦးခင်ရွှေ ပြောကြား
Published 23 August 2019
ဇေယျာငြိမ်း

လက်ရှိတွင် စီးပွာရေးလုပ်ငန်းရှင်များ မျက်ရည်တောက်တောက်ကျသည်အထိ အခက်အခဲများရှိကြောင်းနှင့် တစ်လလျှင် အလုပ်သမားလစာ ကျပ်သိန်းနှစ်သောင်းအတွက် ခေါင်းခဲနေရကြောင်း သြဂုတ် ၂၂  ရက် တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ နာယကဇေကမ္ဘာဦးခင်ရွှေက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကလည်း သူ့ဟာသူရပ်တည်နေတယ်။ ဟိုတယ်လုပ်ငန်းရှင်များကလည်း သူ့ဟာသူ ရပ်တည်နေတယ်။ အဲဒီအပြင်ကို Individual မှာလည်း ကျွန်တော်တို့ ဆရာကျောင်းတို့ ဒေါက်တာစိုင်းဆိုင်ထွန်းတို့ ကိုထွန်းသက်နိုင်တို့ အားလုံးကလည်း Individual ရပ်တည်နေကျတဲ့ အနေအထားရှိတယ် ဒီအချိန်မှာ၊ အဲဒီအားလုံးဟာ အခက်အခဲရှိနေလားဆိုရင် သူ့အတိုင်းအတာနဲ့ ရှိနေတယ်။ ကျွန်တော်ဆိုလို့ရှိရင် ဒီနောက်ပိုင်းမှာ ၁၂ နာရီ ၁ နာရီနောက်ပိုင်းမှာ ထိုင်ပြီးတော့ တရားလေးဖွင့်ပြီးတော့ တခါတလေကျရင် ဘယ်ဘက်က ညာဘက်က မစီးပါဘူး။ မျက်ရည်တောက်တောက်ကျတဲ့အထိကို အခက်အခဲတွေရှိပါတယ် ဟု ဦးခင်ရွှေက ပြောကြားသည်။

ကိုယ့်မိသားစုစားဖို့သောက်ဖို့ လေးငါးဆယ်နှစ်စာ ပူစရာမလိုဘူး။ အားလုံးကပူနေကျတာ အန်ကယ်ပဲဖြစ်ဖြစ်။ အန်ကယ့်အလုပ်သမား လေးငါးရာရှိတယ်။ သူတို့ကို အန်ကယ်မဖြုတ်ရက်ဘူး။ တကယ်လို့ဖြုတ်လိုက်တယ်ဆိုရင် တခြားမှာ အလုပ်သွားလုပ်ဖို့က တစ်နေရာလုပ်လို့မရဘူး။ ကိုယ်နဲ့လက်တွဲလာခဲ့တော့ သူတို့လစာအတွက်ကို တစ်လတစ်လကို ခေါင်းခဲအောင် သိန်းပေါင်းနှစ်သောင်းလောက်မှ မရှိရင် ရပ်တည်လို့မရဘူး။ နေ့တိုင်းလဲအိပ်မပျော်ဘူး ဟု ဦးခင်ရွှေက ပြောကြားသည်။                          

 

Most Read

Most Recent