အင်တာမီလန်၌ ဆက်နေဖွယ်ရှိကြောင်းအီကာဒီ အရိပ်အြွမက်ပြောကြားပြီး နံပါတ် ၇ ဝတ်ဆင်ဖွယ်ရှိ

အင်တာမီလန်၌ ဆက်နေဖွယ်ရှိကြောင်းအီကာဒီ အရိပ်အြွမက်ပြောကြားပြီး နံပါတ် ၇ ဝတ်ဆင်ဖွယ်ရှိ
Photos: Icardi Instagram
Photos: Icardi Instagram
Published 21 August 2019

အီကာဒီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို သြဂုတ် ၂၀ ရက်က Instagramတွင်တင်ထားပြီး "မီလန်မြို့မှာ အိမ်အသစ်ရတော့မယ်" ဟု ရေးသားထားခြင်းဖြစ်သည်။ 

အင်တာမီလန်အသင်းတိုက်စစ်မှူး အီ ကာဒီက အနာဂတ် မတည်မငြိမ်ဖြစ်နေသော်လည်း အသင်း၌သာ ဆက်နေဖြစ်ဖွယ်ရှိကြောင်း အရိပ်အြွမက်ပြောကြားခဲ့သည်။

အီကာဒီသည် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှု ကြန့်ကြာခြင်းကြောင့် ပြီးခဲ့သည့်နှစ် ရာသီဝက်ကာလကတည်းက အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေပြီး ယခုနှစ် ရာသီကြိုခြေစမ်းပွဲများတွင်လည်း ပူးပေါင်းပါဝင်ခြင်းမရှိဘဲ တစ်ဦးတည်းသီးသန့် လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ 

၎င်းအား မန်ယူ၊ နာပိုလီ၊ ဂျူဗင်တပ်စ် စသည့်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း အီကာဒီက မီလန်၌သာ ဆက်နေဖွယ်ရှိကြောင်း အရိပ် အြွမက်ပြောကြားခဲ့ခြင်းဖြစ်သည်။ အီကာဒီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို သြဂုတ် ၂၀ ရက်က Instagramတွင်တင်ထားပြီး "မီလန်မြို့မှာ အိမ်အသစ်ရတော့မယ်" ဟု ရေးသားထားခြင်းဖြစ်သည်။ 

ထို့အပြင် ၎င်းအနေဖြင့် ပုံမှန်ဝတ်ဆင်နေကျ နံပါတ် ၉ ကို တိုက်စစ်မှူးသစ် လူကာကူအား လွှဲပြောင်းပေးခဲ့ရသော်လည်း နံပါတ် ၇ ဝတ်ဆင်ကစားရန် ရွေးချယ်ထားကြောင်း Sport Mediaset သတင်းဌာနက ဖော်ပြခဲ့သည်။ ယခင်က နံပါတ် ၇ ကို ကွာရက်စ်မာ၊ ဖီဂို၊ ဇနက်တီ၊ ရော်ဘီကင်း၊ ကော်တင်ဟို၊ ကန်ဆယ်လိုတို့ ဝတ်ဆင်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent