ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါအဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဂါရတ်ဘေးလ်အား အသင်းဖော်များ ၀ိုင်းဝန်းချီးကျူးခဲ့ကြ

ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါအဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဂါရတ်ဘေးလ်အား အသင်းဖော်များ ၀ိုင်းဝန်းချီးကျူးခဲ့ကြ
Published 20 August 2019

ဆယ်လ်တာဗီဂိုအသင်းနှင့်ကစားခဲ့သည့် ရာသီအဖွင့်ပွဲစဉ်တွင် အံ့အားသင့်ဖွယ် ပွဲဦးထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည့် ဂါရတ်ဘေးလ်အား ရီးယဲလ်မက်ဒရစ်အသင်းဖော်များက ၀ိုင်းဝန်းချီးကျူးခဲ့ကြကြောင်း သိရှိရသည်။

ဂါရတ်ဘေးလ်သည် အသင်းနည်းပြ ဇီဒန်းနှင့် လူသိရှင်ကြားပြဿနာဖြစ်ခဲ့သူဖြစ်ပြီး လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး အသင်းပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေသူဖြစ်သည်။ 

ဘေးလ် နှင့် ပြဿနာက ဇီဒန်းကိုလည်း ဖိအားများဝင်စေခဲ့ပြီး ယခုအချိန်တွင်မူ ဇီဒန်းက ပွဲထွက်လူစာရင်းတွင်မထင်မှတ်ဘဲ အသုံးပြုခဲ့ခြင်းဖြစ်သည်။

ကွင်းလယ်လူ ကက်စမဲရိုးက ''သူက အသင်းအတွက် ဖလားတွေ ယူပေးခဲ့တယ်။ ဗိုလ်လုပွဲတွေမှာ ဂိုးတွေသွင်းခဲ့တယ်။ ကျွန်တော်တို့အားလုံးရဲ့လေးစားမှုကိုရရှိထားသူပါ။ အသင်းမှာ သူရှိနေဖို့က အရမ်းအရေးကြီးပါတယ်''ဟု ဆိုခဲ့ပြီး၊ ဂိုးသမား ကော်တိုအာကလည်း ''အားလုံးက သူ့ကို ချစ်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားပါ။ သူ့အတွက် ကျွန်တော်တို့အားလုံး ပျော်ရွှင်နေကြပါတယ်''ဟု ဆိုခဲ့သည်။ 

ဘေးလ်၏ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝ စွမ်းဆောင်ရည်

ရာသီ        ပွဲ (ပြိုင်ပွဲစုံ)        ဂိုး(ပြိုင်ပွဲစုံ)

၂၀၁၃-၁၄        ၄၄        ၂၂

၂၀၁၄-၁၅        ၄၈        ၁၇

၂၀၁၅-၁၆        ၃၁        ၁၉

၂၀၁၆-၁၇        ၂၇        ၉

၂၀၁၇-၁၈        ၃၉        ၂၁

၂၀၁၈-၁၉        ၄၂        ၁၄

၂၀၁၉-၂၀        ၁        -

Most Read

Most Recent