နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချထားခြင်းများ ပါဝင်သော ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချထားခြင်းများ ပါဝင်သော ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 16 August 2019
စိုးမင်းထိုက်၊ စည်သူ

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ လုပ်ပိုင်ခွင့်များကို လျှော့ချထားခြင်းများ ပါဝင်သော ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

သြဂုတ် ၁၅ ရက်က ပြုလုပ်သော  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နေပြည်တော်၌ မေ ၂၉ ရက်က  ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က  လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် ပူးပေါင်းကော် မတီဝင် ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြင် ဆင်သည့် ဥပဒေမူကြမ်းတစ်ခု၏ ရေးထုံးနှင့် ညီညွတ်ခြင်းမရှိသည့်အတွက် လက်ခံဆွေး နွေးရန် မသင့်ကြောင်း၊ ပူးပေါင်းကော်မတီဝင် ဦးစတီဖန်နှင့် တပ်မတော်သားကိုယ်စား လှယ်နှစ်ဦးက ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအ ခြေခံဥပဒေအခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည် ဟု လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

ဆက်လက်ပြီး ကျန်ပူးပေါင်းကော်မတီဝင်များက ၄၅ ဦးပါသော ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆောင်ရွက်ရန် အကြံပြုထားကြောင်းနှင့် ကော်မတီ၏ သဘောထားမှတ်ချက်အဖြစ် လုပ်ငန်းစဉ်တွင် တစ်ပေါင်းတည်း ထည့်သွင်း စိစစ်ဆောင်ရွက်သင့်သောကြောင့် အစီရင်ခံစာကို အတည်ပြုပေးရန် ၎င်းက ပြောကြား ခဲ့သည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီက တင်ပြသော ဥပဒေမူကြမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈(ဂ)၊ ပုဒ်မ (၂၆၄)(ခ)(၁)၊ ပုဒ်မ ၃၂၂ နှင့် ပုဒ်မ ၄၀၂ ကို ပြင် ဆင်ထားခြင်းဖြစ်ပြီး ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ် ၄၀ နှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦးတို့ က ထောက်ခံတင်ပြလာခြင်းဖြစ်ကာ မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က လက်ခံရရှိ၍ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့်  အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီဝင်အားလုံးပါဝင်သော ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်  (၁) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန် ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင် သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်၊ (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်းပြု နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းကို နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဟူ၍ အစားထိုးလိုကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အခြေခံဥပဒေ၏ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ခ) နိုင်ငံတော်သမ္မတသည် (၁) လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ပြဋ္ဌာန်းထားခြင်းကို ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရန် ပျက်ကွက်သော သို့မဟုတ် လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟူ၍ အစားထိုးလိုကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ထို့ပြင် အခြေခံဥပဒေပုဒ်မ ၃၂၂၊ ပုဒ်မ ခွဲ(ခ)တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်း ဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ်ခြင်းဟု ပြဋ္ဌာန်းထားခြင်းကို ဥပဒေပြု အာဏာပိုင်ဖြစ်သော လွှတ်တော်များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟူ၍ အစားထိုးလိုကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားသော ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှု များနှင့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားခြင်းကို အထက်ပါကိစ္စရပ်များ နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်များအပေါ် ဥပဒေနှင့်အညီ ပြည်ထောင် စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခွင့်ရှိ စေရမည်ဟု အစားထိုးလိုကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်က ရွေးချယ်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တင်သွင်းခဲ့ဖူးသော်လည်း ယင်းကိစ္စကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီက တင်သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ထားသည်။

 

Most Read

Most Recent