တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး၍ တစ်ဖက်သတ်ဆောင်ရွက်မှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု အခြေအနေများ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေး၍ တစ်ဖက်သတ်ဆောင်ရွက်မှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု အခြေအနေများ ဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ််နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ််နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်
Published 14 August 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr.Sun Guoxiang  တို့ သြဂုတ် ၁၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌တွေ့ဆုံပြီး  မြန်မာနိုင်ငံအပေါ် ဖိအားပေး၍ တစ်ဖက်သတ်ဆောင်ရွက်မှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန် Mr.Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးများနှင့်အညီ မိတ်ဆွေနိုင်ငံများအဖြစ်သာ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကို ထိခိုက်စေမည့်ကိစ္စရပ်များအား လက်မခံသလို မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း အလေးထားရန်အရေး ကြီးသည့်အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ဖိအားပေးကာ တစ်ဖက်သတ်ဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူ ဘင်္ဂါလီများအား နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုအပ်သည့် အခြေအနေများ၊ နေရပ်စွန့်ခွာထွက်ပြေးသူ ဘင်္ဂါလီများအား ပြန်လည်လက်ခံရာတွင် ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန် အရေးကြီးပြီး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမည့် ကိစ္စရပ်များမရှိရန် အရေးကြီးသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်က စိတ်ရှည်သည်းခံစွာဖြင့် အပစ်အခတ်ရပ်စဲပေးထားချိန်တွင် တိုးတက်မှုများရရှိရန်၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နှင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်များကို နားလည်သဘောပေါက်ရန် လိုအပ်သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့ပြင် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သြဂုတ် ၁၃ ရက်က တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး ံ H.E.Mr. Chen Hai နှင့်အတူ စစ်သံမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်စေလွှတ်ရေး၊ ကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မှောင်ခိုရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများမရှိစေရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှေးယခင်ကတည်းက ဆက်ဆံရေးကောင်းမွန်ခဲ့မှုနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် အခက်အခဲအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘောကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent