ယနေ့ဖြစ်ပျက်နေသည့် အခက်အခဲ အားလုံးသည် NLD အစိုးရကြောင့် မဟုတ်ဘဲ လွန်ခဲ့သော နှစ် ၅၀၊ ၆၀ ကျော်က နိုင်ငံကို အုပ်ချုပ်ခဲ့သည့် အာဏာရှင် စနစ်ဆိုးများကြောင့်ဟု စစ်ကိုင်းတိုင်းဒေသကြီး NLD အတွင်းရေးမှူး ပြောကြား

ယနေ့ဖြစ်ပျက်နေသည့် အခက်အခဲ အားလုံးသည် NLD အစိုးရကြောင့် မဟုတ်ဘဲ လွန်ခဲ့သော နှစ် ၅၀၊ ၆၀ ကျော်က နိုင်ငံကို အုပ်ချုပ်ခဲ့သည့် အာဏာရှင် စနစ်ဆိုးများကြောင့်ဟု စစ်ကိုင်းတိုင်းဒေသကြီး NLD အတွင်းရေးမှူး ပြောကြား
Published 13 August 2019
ကောင်းခန့်လင်း

ယနေ့ဖြစ်ပျက်နေသည့် အခက်အခဲ အားလုံးသည် NLD အစိုးရကြောင့် မဟုတ်ဘဲ လွန်ခဲ့သောနှစ် ၅၀ ကျော်က နိုင်ငံကို အုပ်ချုပ်ခဲ့သည့် အာဏာရှင် စနစ်ဆိုးများကြောင့်သာ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး NLD အတွင်းရေးမှူး ဦးမြင့်ကြည်က ပြောကြားသည်။

သြဂုတ် ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တော်ခန်းမဆောင်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ဆိုးရွားသည့် အချက်အလက်များကို ပြုပြင်ရန် အတွက် မှန်ကန်သည့် နိုင်ငံရေး ဦးတည်ချက်ကို ရည်ရွယ်ထားသည့် မှန်ကန်သည့် အစိုးရ တစ်ရပ်သည် လုပ်သင့်လုပ်ထိုက်သော အခြေအနေအထိ လုပ်နိုင်ခွင့်ကို ပေးမှသာလျှင် လူထုအားလုံး၏ မျှော်လင့်နေသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကြီးသည် အမြဲတမ်း တည်တံ့သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဆက်လက်ပြီးတော့ တိုင်းပြည်ရဲ့အကျိုးကို ဖော်ဆောင်နိုင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တာဝန်ယူနေကြတဲ့ အဖွဲ့ချုပ်ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ပြည်သူလူထုကြီးက ဆက်လက်ပြီးတော့ တာဝန်ပေးအပ်ဖို့ကိုလည်း အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ယနေ့ခေတ်ကာလ ဆိုတာဟာ ပြည်သူလူထုအများက အမှန်ကို သိစေအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ တည်ရှိ ဖြစ်ပျက်နေတဲ့ အခက်အခဲအားလုံးဟာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြောင့် ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ခြောက်ဆယ်လောက်က နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် စနစ်ဆိုးတွေကြောင့်မို့လို့  ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ ကျွန်တော်တို့ တစ်တွေဟာ ခံစားခဲ့ကြရတာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး NLD အတွင်းရေးမှူး ဦးမြင့်ကြည်က ပြောကြားသည်။

မှတ်မှတ်သားသား ဝမ်းနည်းစွာဖြင့် ပြောကြားရပါက ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အဖြစ်အပျက်ဆိုးကြီး လူတန်းစားအားလုံး ခံစားခဲ့ရကြောင်း၊ ယင်းနှစ်တွင် တောင်သူများအတွက် ဆန်စပါးပြဿနာ၊ ၁၉၈၄ ခုနှစ်တွင် ငွေဖြူငွေမည်း ပြဿနာ ယင်းပြဿနာကြောင့် သာမန်ပြည်သူလူထုများ မဆိုထားနှင့် တက္ကသိုလ် တက်နေသည့် ဘော်ဒါဆောင် ကျောင်းသားများတောင်မှ ထမင်းငတ်ပြတ်သည့် အဆင့်အထိ ကြုံတွေ့ခဲ့ရကြောင်း ဦးမြင့်ကြည်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ယူနေကြသည့် ပုဂ္ဂိုလ်များကို ပြည်သူလူထုကြီးက ဆက်လက်၍ တာဝန်ပေးရန် တိုက်တွန်းလိုကြောင်း ဦးမြင့်ကြည်က ပြောကြားသည်။ 

Most Read

Most Recent