မောင်တောမှ ၂၄ မိုင်အကွာ လောင်းဒုံကျေးရွာအနီး ကားလမ်းပေါ်တွင် မိုင်းတွေ့

မောင်တောမှ ၂၄ မိုင်အကွာ လောင်းဒုံကျေးရွာအနီး ကားလမ်းပေါ်တွင် မိုင်းတွေ့
Published 5 September 2017

ယနေ့ (စက်တင်ဘာ ၅ ရက်) နံနက် ၁၀ နာရီ ၅၀ မိနစ်က မောင်တောမြောက်ပိုင်း၊ မောင်တောမြို့မှ ၂၄ မိုင်အကွာ လောင်းဒုံကျေးရွာအနီး ကားလမ်းပေါ်တွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ကြိမ်ချောင်းကျေးရွာသို့ အကူအညီ ရိက္ခာသွားပေးသည့် သင်္ဂဟ ကမ်းလက် ရက္ခိတ အဖွဲ့၏ ကားများရှေ့ ကိုက် ၁၀ အကွာတွင် တွေရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာသို့ ကယ်ဆယ်ရေးရိက္ခာ ထောက်ပံ့ရန် သွားရောက်ခဲ့ကြသည့် ဝေဠုကျော် ဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့နှင့် ဦးနေမျိုးဇင် စသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ မိုင်းတွေ့သဖြင့် ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။