တပ်မတော်အား ထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများများကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဆန္ဒထုတ်ဖော်

တပ်မတော်အား ထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများများကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဆန္ဒထုတ်ဖော်
Published 11 September 2018

တပ်မတော်အား ထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများများကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအဖွဲ့မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်းမြို့နယ်များမှ စစ်မှုထမ်းဟောင်းများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြန်မာတပ်မတော် အပြည့်အဝထောက်ခံသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော်အင်းအား ချိုးနှိမ်မှု မှန်သမျှ တို့လုံး၀ လက်မခံ၊ ဘတ်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံး၀ လက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်မည် စသည့် စာသားပါ ဗွီနိုင်းများကို ကိုင်ဆောင်၍ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုများကို ကျန်ရှိသော မြို့နယ်များမှ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကလည်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent