မက္ကဆီကိုကလပ် ဒိုရာဒေါ့စ်အသင်း၏နည်းပြအဖြစ် မာရာဒိုနာ ခန့်အပ်ခံရ

မက္ကဆီကိုကလပ် ဒိုရာဒေါ့စ်အသင်း၏နည်းပြအဖြစ် မာရာဒိုနာ ခန့်အပ်ခံရ
Published 8 September 2018

အာဂျင်တီးနားအသင်း၏ဂန္ထဝင်ကစားသမား မာရာဒိုနာသည် မက္ကဆီကိုဒုတိယတန်းကလပ် ဒိုရာဒေါ့စ်အသင်း၏နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ အသက်(၅၇)နှစ်အရွယ်ရှိ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကစားသမားတစ်ဦးဖြစ်သူ မာရာဒိုနာသည် ပြီးခဲ့သည့်ဧပြီလက ယူအေအီးကလပ် အယ်လ်ဖူဂျာရက်ဟ်အသင်းမှထွက်ခွာလာခဲ့ပြီးနောက် ဘီလာရုစ်ပရီးမ်ီးယားလိဂ်ကလပ်ဒီနာမိုဘရက်အသင်း၏ဥက္ကဌအဖြစ် တာဝန်ယူနေသူဖြစ်သည်။

၂၀၀၃ ခုနှစ်က စတည်တင်ထောင်ခဲ့သော ဒိုရာဒေ့ါစ်အသင်းသည် ပြီးခဲ့သည့်ကြာသပတေးနေ့က ရာထူးမှထုတ်ပယ်ခဲ့သည့် နည်းပြ ဖရန်ဆစ္စကိုဂါမက်ဖ်၏နေရာတွင် မာရာဒိုနာအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုအသင်းစာများက ဖော်ပြခဲ့ကြသည်။

မာရာဒိုနာသည် အာဂျင်တီးနားအသင်းတွင် ကစားသမားအဖြစ် ၁၉၇၇ မှ ၁၉၉၄ ခုနှစ်အထိ (၉၁)ပွဲပါဝင်ကစားပေးခဲ့သလိုနည်းပြအဖြစ်လည်း ၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည်။ ထို့အပြင် မာရာဒိုနာသည် အာဂျင်တီးနားကလပ်များဖြစ်သည့် ကော်ရီယန်တက်စ်နှင့် ရေးဆင်း၊ ယူအေအီးကလပ်များဖြစ်သည် အယ်လ်ဝက်စ်နှင့် အယ်လ်ဖူဂျာရက်ဟ် စသည့်အသင်းများကိုလည်း ကိုင်တွယ်ခဲ့သည်။

Most Read

Most Recent