ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ်များပါဝင်သော လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ရေးဆွဲထုတ်ပြန်

ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ်များပါဝင်သော လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ရေးဆွဲထုတ်ပြန်
Published 18 August 2018

ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ် (၁၃)သင်းပါဝင်လာသော ၂၀၁၈-၂၀၁၉ ရာသီ လိဂ်ဖလား (EFL Cup) ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို သြဂုတ် (၁၆) ရက်က ရေးဆွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်များအား ဗြိတိန်မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသပွဲစဉ်များအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ပရီးမီးယားလိဂ်ကလပ်အချင်းချင်းတွေ့ဆုံမှုအဖြစ် ဘရိုက်တန်နှင့် ဆောက်သမ်တန်အသင်းတို့၏ပွဲသာ ပါဝင်ခဲ့သည်။

ယခုရာသီတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရထားသည့် လက်ရှိချန်ပီယံ မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ဘန်လေအသင်းများမှာမူ တတိယအဆင့်မှ စတင်ယှဉ် ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်များကို သြဂုတ် (၂၇)ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

■ လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်များ 

■ မြောက်ပိုင်းဒေသပွဲစဉ်

လက်စတာ - ဖလိဝုဒ်

လိဒ်စ် - ပရက်စတန်

 

ရှက်ဖီးဝင်းစ်ဒေး - ဝုလ်ဗ်

နော်တင်ဟမ် - နယူးကာဆယ်

ဒွန်ကက်စတာ - ဘလက်ပူးလ်

ဘာတန် - ဗီလာ

ဟားလ်စီးတီး - ဒါဘီ

မစ်ဒယ်ဘရော့ - ရော့ချ်ဒေးလ်

အဲဗာတန် - ရော့သာဟမ်

ဘလက်ဘန်း - လင်ကွန်း

ဝက်စ်ဘရွန်း - မန်းစ်ဖီးလ်

ဝဲလ်ဆောလ် - မက္ကလက်စ်ဖီးလ်

စတုတ်စီးတီး - ဟတ်ဒါဖီးလ်

■ တောင်ပိုင်းဒေသပွဲစဉ်

ဘရိုက်တန် - ဆောက်သမ်တန်

QPR - ဘရစ္စတိုးလ်ရိုဗာ

ဝင်ဘယ်လ်ဒန် - ဝက်စ်ဟမ်း

ဖူလ်ဟမ် - အိတ်စ်တာ

ဝိုင်ကမ်ဘီ - ဖောရက်စ်ဂရင်း

ကာဒစ်ဖ် - နောဝစ်ချ်

မီဝေါလ် - ပလိုင်းမောက်

ဘရန့်ဖို့ဒ် - ချယ်လ်တင်ဟမ်

ဆွမ်ဆီး - ခရစ္စတယ်ပဲလေ့စ်

နယူးပို့တ် - အောက်စ်ဖို့ဒ်

ဘုန်းမောက် - MK ဒွန်းစ်

ရက်ဒင်း - ဝက်ဖို့ဒ်