မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်ထားသည့်ကုမ္ပဏီများအား စည်းကမ်းချက်များနှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှုပျက်ကွက်သည့်ကုမ္ပဏီ ၂၉ ခုတွေ့ရှိ

မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်ထားသည့်ကုမ္ပဏီများအား စည်းကမ်းချက်များနှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှုပျက်ကွက်သည့်ကုမ္ပဏီ ၂၉ ခုတွေ့ရှိ
Published 13 August 2018

မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအား အရောင်းစင်တာ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စည်းကမ်း သတ်မှတ်ချက်များအား လိုက်နာမှု ပျက်ကွက်သည့်ကုမ္ပဏီ ၂၉ ခုအား စစ်ဆေး တွေ့ရှိခဲ့ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ သိရသည်။

အဆိုပါကုမ္ပဏီ ၂၉ ခုသည်  တင်သွင်းထားသည့် မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်း ကိစ္စ၊ အခွန်အရပ်ရပ်များပေးဆောင်ခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသို့ အမြန်ဆုံးလာရောက်စာရင်းရှင်းလင်းတင်ပြရန် သြဂုတ် ၁၂ ရက်က ထုတ်ပြန်ထားသည်။

ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်း ဆောင်ရွက်ခြင်းမရှိပါက အဆိုပါ ကာလကျော်လွန်သည့်နေ့မှစ၍ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ပယ်ဖျက်ခြင်း၊ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင် ပယ်ဖျက်ခြင်း၊ မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ် ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက အသိပေး ကြေညာထားသည်။

စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာမှုပျက်ကွက်သည့်ကုမ္ပဏီ (အရောင်းစင်တာ)များမှာ 2727 Services Co.,Ltd ၊ Automart Co., Ltd ၊ Ayeyar Yoma Eternal Ltd., ၊ Billion Power Services Co.,Ltd., ၊  First Myanmar Auto Services Co.,Ltd., ၊ Golden Fortune Services Co.,Ltd., ၊ Lucky Auto Co.,Ltd., ၊ Lynn Yoma Co.,Ltd., ၊ Myanma Bright Wing Services  Co.,Ltd., ၊ Nay Htet Aung Co., Ltd., ၊ Royal Thiri Auto Services  Co., Ltd., ၊ Saung Thit Nay Co., Ltd., ၊ Sea Cross Express Services Co.,Ltd., ၊ Shwe Hein Htet Services Co.,Ltd., ၊ Shwe Moe Ngwe Moe Co.,Ltd., ၊ Shwe Yamone  Services Co.,Ltd., ၊ Super Auto Group Co.,Ltd., ၊ Triple Two Services Co.,Ltd., ၊ Win Htin Kyaw Services Co.,Ltd., ၊ Hightech Princess Services Co.,Ltd., ၊ Myanmar Refreshing Service Co.,Ltd., ၊ Global Automotive Co.,Ltd., ၊ Gold Perfect Co.,Ltd., ၊ Ngwe Khant Kywe Trading Co.,Ltd., ၊ Royal Asia Man Trading Private Ltd., ၊ Sindiyar & Juliar Co.,Ltd., ၊ Min Wati Paing Co.,Ltd., ၊ Super Mandalay Auto Service Co.,Ltd., ၊ Than Kywe Hein Co., Ltd.,တို့ ဖြစ်ကြောင်း သိရသည်။