သြဂုတ်လ ပထမပတ်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀၀ ကျော်ကို ထိုင်းနိုင်ငံမှ ပြန်ပို့

သြဂုတ်လ ပထမပတ်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀၀ ကျော်ကို ထိုင်းနိုင်ငံမှ ပြန်ပို့
Published 8 August 2018

သြဂုတ်လပထမပတ်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀၀ ကျော်ကို ထိုင်းနိုင်ငံမှ ပြန်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် စတင်အသက်ဝင်နေပြီဖြစ်သည့် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ ဖမ်းဆီးရရှိထားသော မြန်မာလုပ်သားများကို ပြန်လည်ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုရက်ပိုင်းက ပြန်ပို့ပေးရတဲ့သူများတယ်။ ဘာလို့လဲဆိုတော့ အလယ်ပိုင်း ဘန်ကောက်နဲ့ ဘန်ကောက် အနီးတစ်ဝိုက်ဘက်က ဖမ်းဆီးထားတဲ့ကားတွေ ပါလာတာဆိုတော့ လူပိုများတယ်။ အခုအပတ် ပြန်ပို့ပေးရတဲ့ သူတွေက မဲဆောက်ဘက်က လူတွေများတယ်။ ရနောင်းနဲ့ မယ်ဆိုင်ဘက်ကလူတွေ သိပ်မပါဘူး။ ရနောင်းဘက်က လူတွေက ကော့သောင်းဘက်ကို ပို့ပေးရတာဆိုတော့ အခုတလော ကော့သောင်းဘက်မှာ မိုးတအားရွာနေလို့ လှေနဲ့သွားရတာ အန္တရာယ်ဖြစ်မှာစိုးလို့ ပြန်မပို့သေးတာ” ဟု ဦးစန်းမောင်ဦးက ပြောကြားသည်။