<

အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို သတိပေးသည့်အနေဖြင့် ဒုံးကျည်များပစ်လွှတ်

ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ပေးခဲ့သော ဓာတ်ပုံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က “အမေရိကန်အယုတ်တမာ” များသို့ လက်ဆောင်ဟုဆိုကာ လုပ်ဆောင်ခဲ့သည့် သမိုင်းဝင် ICBM စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ကင်ဂျုံအွန်အား တိုက်ခိုက်သည့် ပုံစံဖြင့် ဇူလိုင် ၅ ရက်က ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ဟု သိရသည်။

အမေရိကန်ကိုယ်တိုင်က တိုက်ချင်းပစ်ဒုံး (ICBM) ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သော ဇူလိုင် ၄ ရက်က မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုသည် အမေရိကန်ပြည်မကြီးသို့ နျူကလီးယားဖြင့် ပစ်ခတ်ရန် ခြိမ်းခြောက်နိုင်သည့် စွမ်းရည်ရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသည့် မြောက်ကိုရီးယားအတွက် အဓိကသမိုင်းမှတ်တိုင် ဖြစ်လာခဲ့သည်။ ထို့အတူ သမ္မတဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးမူဝါဒအတွက်လည်း ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုကြီးတစ်ခုလည်း ဖြစ်လာခဲ့သည်။

July 6, 2017














Copy Protected by Chetan's WP-Copyprotect.