နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားစာနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးရောင်းချသူအား ဖမ်းဆီး

နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားစာနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးရောင်းချသူအား ဖမ်းဆီး
Published 21 July 2018

နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားစာနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးရောင်းချသူအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဇူလိုင် ၂၀ ရက်က သတင်းရရှိပါသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အပိုင်း(၂)၊ ၃၉ လမ်း၊ သီတာမြိုင်လမ်းတွင် ဇူလိုင် ၁၉ ရက် ည ၇နာရီ ၄၅ မိနစ်က ကိကိ (အမည်ပြောင်း) မှာ မူးယစ်ဆေးဝါး ရောင်းချနေသောကြောင့် ဖမ်းဆီးပေးရန် တာဝန်သိ ပြည်သူများအမည်ဖြင့် နိုင်ငံတော်သမ္မတထံ လိပ်မူတိုင်ကြားသည့် တိုင်ကြားစာနှင့်ပတ်သက်ပြီး (မခရ၊ နေပြည်တော်)၊ (မယတစု- ၁၈)၊ (နယ်မြေရဲစခန်းအမှတ်-၃)တို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နဝရိတ်ရိပ်သာ၊ လမ်းသွယ်(၂)တွင် စောင့်ဆိုင်းနေစဉ် အဆိုပါလမ်းကြားထဲသို့ မောင်းနှင်လာသည့် BGO 7I/…Polo TSI ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

စစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ မိန်းကလေး (မဟာမြိုင် ၁ ရပ်ကွက်) နေသူ၊ ရှေ့ခန်းတွင် သတင်းရရှိထားသူ ကိကိ(ခ)စိုးနိုင်ဦး ၂၀ နှစ် ဟေမမာလာ တောင်ရပ်ကွက်နေသူ၊ နောက်ခန်းတွင် အသက် ၂၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးတို့ လိုက်ပါလာခဲ့ကြောင်း၊ ကိကိ(ခ)စိုးနိုင်ဦး ထိုင်ခုံအောက်တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက်ဟု ယူဆရသော အရိုးအရွက်၊ အစေ့ရောရာ အလေးချိန် ၁၅ ဂရမ်ခန့်ပါ တစ်ထုပ်၊ တန်ဖိုးစိစစ်ဆဲတို့ကို တွေ့ရှိပြီး ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံး၊ မူးယစ်ဆေးဝါးရောင်းချရငွေ ကျပ် ၅၄၀၀ နှင့် လက်ကိုင်ဖုန်းလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။