ကမ္ဘာ့ရွှေဈေး ထိုးဆင်းနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၃၇၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ထိုးဆင်းနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၃၇၀၀၀ ဝန်းကျင်ရှိနေ
Published 29 June 2018

ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၈ ရက်တွင် ဒေါ်လာ ၁၂၅၀ ဝန်းကျင်အထိ ထိုးဆင်းနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း သိသိသာသာ မကျဆင်းဘဲ ကျပ် ၉၃၇၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၃၁ ရက်တွင် ကျပ် ၉၃၄၇၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၁ ရက်တွင် ၉၃၄၆၀၀၊ ဇွန် ၂၇ ရက်တွင် ကျပ် ၉၃၇၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် မေ ၂၃ ရက်တွင် ၁၂၉၁ ဒေါ်လာ၊ ဇွန် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ ဇွန် ၂၁ ရက်တွင် ၁၂၆၂ ဒေါ်လာ၊ ဇွန် ၂၈ ရက်တွင် ဒေါ်လာ ၁၂၅၀ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။