စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီအထိ တရားမဝင်သစ်တန်ချိန် ၁၅၀၀ ကျော်နှင့် တရားခံ တစ်ရာကျော် အပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီအထိ တရားမဝင်သစ်တန်ချိန် ၁၅၀၀ ကျော်နှင့် တရားခံ တစ်ရာကျော် အပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Published 20 May 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော တရားမဝင်သစ်များကို တာဝန်ရှိသူတို့စစ်ဆေးနေစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီအထိ စစ်ကိုင်းတိုင်းဒေသကြီး၌ တရားမဝင်သစ်တန်ချိန် ၁၅၀၀ ကျော်နှင့် တရားခံ တစ်ရာကျော် အပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနရုံးမှ သိရသည်။

ယင်းဘဏ္ဍာနှစ် စစ်ကိုင်းခရိုင်တွင် တရားမဝင်ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးစုံ တန်ချိန်ပေါင်း ၆ ဒသမ ၉၇၀၀ အား ဖမ်းဆီးရမိခဲ့ပြီး ရွှေဘိုခရိုင်တွင် တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုး တန်ချိန် ၁၀၆ ဒသမ ၄၀၇၂ အား ဖမ်းဆီးရမိကာ မုံရွာခရိုင်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးတန်ချိန်ပေါင်း ၈၈ ဒသမ ၀၁၂၆ ဖမ်းဆီးရမိကြောင်း သိရသည်။

ကသာခရိုင်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးတန်ချိန်ပေါင်း ၇၇၆ ဒသမ ၈၁၃၉ အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ကလေးခရိုင်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုး တန်ချိန်ပေါင်း ၂၀၀ ဒသမ ၄၁၄၆ ဖမ်းဆီးရမိခဲ့ပြီး မော်လိုက်ခရိုင်တွင် ကျွန်း၊ သစ်မာနှင့်အခြားသစ် တန်ချိန်ပေါင်း ၁၈၇ ဒသမ၀ ၄၃၄ ဖမ်းဆီးရမိကာ ခန္တီးခရိုင်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုး တန်ချိန်ပေါင်း ၃၂ ဒသမ ၀၀၁၇ ဖမ်းဆီးရမိကြောင်း၊ တမူးခရိုင်တွင် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးတန်ချိန်ပေါင်း ၁၃၀ ဒသမ ၇၉၁၉ ဖမ်းဆီးရမိပြီး စုစုပေါင်း ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးစုံတန်ချိန် ၁၅၂၈ ဒသမ ၄၅၅၃ ဖမ်းဆီးရမိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ သိရသည်။

ယင်းနောက်တရားခံ ၁၀၆ ဦး၊ ကား ၄၉ စီး၊ ဆိုက်တွဲ တစ်စီး၊ သုံးဘီး ဆိုင်ကယ် ၁၃ စီး၊ ထော်လာဂျီ ခုနစ်စီး၊ ဆိုင်ကယ် ၂၁ စီး၊ လယ်ထွန်စက် ခြောက်စီး၊ စက်လှေကြီးတစ်စင်း၊ စက်လှေနှစ်စင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အင်ဂျင်၊ လွှဝိုင်း၊ ရှပ်တန်း၊ ပူလီ၊ ပတ္တားကြိုး၊ လက်ဆွဲလွှ၊ ချိန်းဆော၊ လွှခုံ၊ စက်လွှ၊ ကျွဲထီး၊ ဒလိမ့်တုံး၊ ထော်လာဘီး၊ ဘတ်ကြိုးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လအထိ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖမ်းဆီးရမိခဲ့သည့် ကျွန်း၊ သစ်မာနှင့် အခြားသစ်မျိုးတန်ချိန်ပေါင်း ၉၆၂၂ ဒသမ ၅၂၂၁ နှင့် တရားခံ ၉၈၉ ဦး အပါအဝင် ကားအစီးရေ ၅၂၃ စီး ဖမ်းဆီးရမိကြောင်း၊ ထို့ပြင် လယ်ထွန်စက်၊ ထော်လာဂျီ၊ ဆိုင်ကယ် စသည့် ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။