တောင်ဒဂုံမြို့နယ်တွင် Community Recreation Center တည်ဆောက်ရန်အတွက် တင်ဒါခေါ်

တောင်ဒဂုံမြို့နယ်တွင် Community Recreation Center တည်ဆောက်ရန်အတွက် တင်ဒါခေါ်
Published 10 May 2018

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် Community Recreation Center တည်ဆောက်ရန်အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က မေ ၈ ရက်က တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါတင်ဒါပုံစံများကို မေ ၉ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလုံလမ်းပေါ်ရှိ လွှတ်တော်ဂိတ်အမှတ် (၄)တွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။

တင်ဒါတင်သွင်းမည့် ကုမ္ပဏီသည် အဆိုပြုလွှာအပြည့်အစုံကို တင်ဒါစိစစ်ကြီး ကြပ်ရေးအဖွဲ့ရုံးသို့ ဇွန် ၈ ရက် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး နောက်ကျတင်သွင်းသော တင်ဒါများကို လက်ခံစဉ်းစားမည်မဟုတ်ဘဲ အဆိုပြုလွှာများကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  တင်ဒါစိစစ်ကြီး ကြပ်ရေးအဖွဲ့က ဖွင့်ဖောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်ပြီး သိရှိလိုသော အချက်အလက်များကို တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့၏ emailး [email protected] မှတစ်ဆင့်သော်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ရုံး ဖုန်းနံပါတ် ၀၁-၈၃၀၂၄၇၇ သို့ ရုံးချိန်းအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။