တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာကိစ္စရပ်များကို ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာကိစ္စရပ်များကို ဆွေးနွေး
Published 15 March 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Tateshi HIGUCHI တို့ မတ် ၁၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၄ ရက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ၍ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေမှန်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆက်လက်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။