မိတ္ထီလာမြို့ကျီတော်ကုန်းရပ်ကွက်တွင် အိမ်သာကျင်းတူးရာမှ စစ်ကျန်စက်သေနတ်ဟောင်း တစ်လက်တွေ့ရှိ

မိတ္ထီလာမြို့ကျီတော်ကုန်းရပ်ကွက်တွင် အိမ်သာကျင်းတူးရာမှ စစ်ကျန်စက်သေနတ်ဟောင်း တစ်လက်တွေ့ရှိ
Published 13 March 2018

မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်တွင် အိမ်သာကျင်းတူးရာမှ စစ်ကျန်စက်သေနတ်ဟောင်းတစ်လက် တွေ့ရှိခဲ့ရသဖြင့် သွားရောက်သိမ်းဆည်းခဲ့ရကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

မတ် ၁၁ ရက် မွန်းလွဲပိုင်းက မိတ္တီလာမြို့ ကျီတော်ကုန်းရပ်ကွက် နယ်မြေ (၇) နေ ဒေါ်စိန် (၇၃ နှစ်) နေအိမ်တွင် အိမ်သာကျင်းတူးစဉ် သံချေးများနှင့်ပိတ်နေသော စစ်လက်နက်ဟောင်း ဟု ယူဆရသော ပစ္စည်းတစ်ခု တွေ့ရှိကြောင်း သတင်းအရ မိတ္ထီလာမြို့အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်လှမျိုးသူ နှင့်အဖွဲ့သည် သက်သေများများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သံချေးများနှင့် သဲများပိတ်ကာ ပျက်စီးနေသော စက်သေနတ်တစ်လက်အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ရကြောင်း သိရသည်။

ထို့သို့ သိမ်းဆည်းရရှိသော ပစ်ခတ်မရ စက်သေနတ်ဟောင်းအား မိတ္ထီလာမြို့ အမှတ် (၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက မိတ္ထီလာတပ်နယ်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Most Read

Most Recent