ကမ္ဘာ့ရွှေဈေး ၁၃၁၇ ဒေါ်လာအထိ ထိုးဆင်းပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၆၃၀၀ အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ၁၃၁၇ ဒေါ်လာအထိ ထိုးဆင်းပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၆၃၀၀ အထိ ကျဆင်း
Published 1 March 2018

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၃၁၇ ဒေါ်လာဝန်းကျင်အထိ ထိုးဆင်းခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်းကျပ် ၉၃၆၃၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၉၃၆၃၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ် လာ၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၆၄ ဒေါ်လာ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၃၁၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။