JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် လုပ်ငန်းခြောက်ခုမှာ ချေးငွေရယူနိုင်ပြီး လယ်သမားများ အကျုံးမဝင်ဟု ထုတ်ပြန်

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် လုပ်ငန်းခြောက်ခုမှာ ချေးငွေရယူနိုင်ပြီး လယ်သမားများ အကျုံးမဝင်ဟု ထုတ်ပြန်
Published 12 January 2018

အများဆုံး ကျပ်သန်း ၅၀၀ အထိ ထုတ်ချေးနိုင်သည့် JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစသည့် လုပ်ငန်းခြောက်ခုမှာ ချေးငွေရယူနိုင်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ အဆိုပါချေးငွေရယူနိုင်သည့်လုပ် ငန်းများတွင် အကျုံးမဝင်ကြောင်း SME နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဘဏ်မှ SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ  (ODA) ချေးငွေရယူ၍ SME နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့်ကို ဆောင်ရွက်လျက်ရှိသည်။

JICA SME နှစ်ဆင့်ချေး ငွေစီမံကိန်းတွင် အကျုံးဝင်သော SME လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင် မှုလုပ်ငန်းနှင့်အခြား စသည့် လုပ်ငန်းခြောက်ခုရှိသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သောလုပ်ငန်းများ၊ တစ်နည်းအားဖြင့် ချေးငွေထုတ်မချေးသည့် လုပ်ငန်းများတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း၊ ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွား လုပ်ငန်းမပါ) လုပ်ငန်း၊ လက်နက်၊ ခဲယမ်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများအား ငွေထုတ်မချေးကြောင်း ထုတ်ပြန်ထားသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်တွင် SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေး နိုင်သည့်ငွေပမာဏမှာ အများဆုံး ကျပ်သန်း ၅၀၀၊ ချေးငွေအားအသုံးပြုရာတွင် သတ်မှတ်ချက်မှာ Fixed Assets အတွက် ရာခိုင်နှုန်း ၈၀၊ Working Capital အတွက် ရာခိုင်နှုန်း ၂၀ သတ်မှတ်ထားပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေ သက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်သည်။