JICA SME ချေးငွေ စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုနှေးသော ပြည်နယ်နှင့် တိုင်းများကို ဦးစားပေးမည်

JICA SME ချေးငွေ စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုနှေးသော ပြည်နယ်နှင့် တိုင်းများကို ဦးစားပေးမည်
Published 9 January 2018

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ JICA SME  ချေးငွေ ရရှိပါက ခွင့်ပြုထုတ်ချေးနိုင်ရန် စတင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဦးစားပေးထုတ်ချေးမည်ဖြစ်ကြောင်း SMIDB က ဇန်နဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ချေးငွေအား လုပ်ငန်းသုံးစက်ပစ္စည်းများ ဝယ်ယူရန် (သို့မဟုတ်) လုပ်ငန်းနှင့်ပတ်သက်သော အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရာတွင် အသုံးပြုရမည်ဖြစ်ပြီး လျှောက်ထားချေးငွေများကို JICA စည်းကမ်းချက်များနှင့် SMIDB ၏ ချေးငွေစည်း ကမ်းချက်များနှင့်ကိုက်ညီမှသာ စိစစ်ခွင့်ပြု ထုတ်ချေးမည်ဖြစ်သည်။ JICA မှ ခွင့်ပြုပေးaသာ ချေးငွေပမာဏအားလုံးမှ  ရာခိုင်နှုန်း ၆၀အား CGI စနစ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ပြီး

ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ပြည်နယ် နှင့် တိုင်းဒေသကြီးများသို့ ဦးစားပေးထုတ် ချေးပေးမည်ဖြစ်သည်။

CGI စနစ်ဖြစ်သည့်အတွက် မြန်မာ့ အာမခံလုပ်ငန်းမှ သတ်မှတ်ထားသော ပရီမီယံကြေးကို ထပ်မံပေးသွင်းရမည်ဖြစ်ပြီး အာမခံပစ္စည်းမပါသည့် စနစ်ဖြစ်သည့်အတွက် ရှေ့အလားအလာကောင်း၍ နိုင်ငံတော်၏ ကုန်ထုတ်ကဏ္ဍ တိုးတက်နိုင်ချေ ရှိပြီး ဆုံးရှုံးနိုင်ချေနည်းသော လုပ်ငန်းများကိုသာ ထုတ်ချေးပေးမည်ဖြစ်သည်။