ချင်းပြည်နယ် ကနေဒီတောင် အနီးတစ်ဝိုက်နှင့် ဟားခါးမြို့တို့တွင် ရေခဲသည်အထိ အေးခဲ့သည်ဟု ဒေသခံများ ပြောကြား

ချင်းပြည်နယ် ကနေဒီတောင် အနီးတစ်ဝိုက်နှင့် ဟားခါးမြို့တို့တွင် ရေခဲသည်အထိ အေးခဲ့သည်ဟု ဒေသခံများ ပြောကြား
Published 9 January 2018

ရေကန်တစ်ခုတွင် အေခဲနေသော အပိုင်းအစတစ်ခုကို တွေ့ရစဉ်

ချင်းပြည်နယ် ကနေဒီတောင်နှင့် ကနေဒီတောင် အနီးတစ်ဝိုက်နှင့် ဟားခါးမြို့တို့ တွင် ရေခဲသည်အထိ အေးခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

“ကနေဒီတောင်ထိပ်မှာ ရေခဲပါတယ်။  ရေတိုင်ကီထဲမှာရှိတဲ့ ရေတွေခဲနေတာပါ ။ ရေခဲထုက တစ်လက်မကျော်လောက် ရှိပါတယ်။ အခုရေက ပုံမှန်ခဲနေတာပဲ ငါးရက်လောက်ရှိပါပြီ။ နေ့တိုင်း ရေခဲနေတာ။ ကနေဒီတောင်ခြေမှာရှိတဲ့ ရွာမှာလည်း တအားအေးပြီး လေတအားတိုက်နေပါတယ်။ မနက်တိုင်း မှိုင်းတိုက်တာကတော့ ပုံမှန်ပဲ။ ရွာမှာက မနက်ဆိုရင် ရေခဲတယ်။ ရွာမှာ ခဲတာကတော့ ရေခဲသိပ်မထူဘူး။ ပါးပါးလေးပါ။ ရွာမှာ ရေခဲတာကတော့ နှစ်ရက်လောက်ရှိပါပြီ။ ဒီတစ်ပတ်အတွင်းမှာ အအေးက တအားအေးတာ ပေါ့” ဟု ဆိုဇန်ကျေးရွာတွင် နေထိုင်သူ ကိုငင့်ထွန်းသန်းက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ညအပူချိန်မှာ ရှမ်းပြည်နယ်တွင် ဇန်နဝါရီ၏ ပျမ်းမျှအပူချိန်အောက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင်ခြောက်ရက်မှ ရှစ်ရက်ခန့်နှင့် မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်ဟု သိရသည်။

“ရေခဲတာက မနေ့ညက တော်တော်လေးအေးလို့မှ ခဲနေတာတွေ့တာ။ ရေပုံးထဲ မှာ ခဲနေတာ ထုက တစ်မတ်ထု ( ၁/၄ လက်မ) လောက်ရှိမယ်။ မနေ့ညက ရေပိုက်တွေလည်း အကုန်ခဲ ငါးမူး၊ သုံးမတ်လောက်ရှိတဲ့ ရေပိုက်တွေလည်း အကုန်ခဲ။ အတောင့်လိုက်ကိုခဲ နေတာ။ ရေပိုက်တွေထဲက ရေခဲတွေပိုက်တွေ ဖြုတ်ထုတ်လုပ်ရတာ။ မျက်နှာသစ်ချင်တောင်ရေခဲကို ခွာပြီးမှသစ်ရတာ။ အပူချိန် ကတော့ ၀ ဒီဂရီ စင်တီဂရိတ်ရောက်မှ ခဲတာ။ ဘာဖြစ်လို့ ဒီလိုခဲသလဲတော့ မသိဘူး။ အအေးကြာလို့ ခဲသွားတာနေမှာ ညဘက်မှာ အဲ ဒီအပူချိန်ရောက်သလား မသိပါဘူး ။ အအေး ကလည်းအမြဲတမ်း အေးနေတော့ မနက်ကျ ခဲသွားတာ ထင်ပါတယ်။ အရင်ကတော့ ကား တွေ ပေါ်မှာ ခဲနေတာတော့ရှိတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ ကားမှန်ကို ရေပက်မှ မပက်ဘူးဆိုရင် အခဲချပ်က တင်နေ တာ။ အဲဒါက ရေပက်လိုက်ရင်တော့ ပျောက်သွားတာ။ ရေမနက်ပိုင်းမှာတော့ ရေနွေး သောက်တဲ့ ပန်းကန်တွေ ထည့်ထားတဲ့ ရေခွက်မှာတော့ ရေခဲနေတာ ကိုယ်တိုင်မြင်ခဲ့ရ တယ်။ နောက်လမ်းမှာ ဗွက်အိုင်တစ်ခုမှာ ရေခဲနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ မနက် မိုးလင်းတော့ အခန်းအတွင်းက သာမိုမီတာ ကြည့်တော့ လေး ဒီဂရီ စင်တီဂရိတ်လို့ တွေ့ရ ပါတယ်။ တချို့ ဟားခါးက နေရာတွေမှာ ရေထည့်ထားတဲ့ ကန်တွေ  စည်ပိုင်းတွေမှာ ရေ ခဲနေတယ်လို့ သိရပါတယ်” ဟု ဟားခါးမြို့ တွင် နေထိုင်သူများက ပြောကြားသည်။

 

 

Most Read

Most Recent