၂၀၁၁ ခုနှစ်မှ လက်ရှိအစိုးရလက်ထက် ခုနစ်နှစ်တာကာလအတွင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအဖြစ် ယာဉ်အစီးရေ ၈၈၆၂၃၄ စီးအတွက် ဒေါ်လာ ၁၀ ဘီလျံဖိုး ခွင့်ပြု

၂၀၁၁ ခုနှစ်မှ လက်ရှိအစိုးရလက်ထက် ခုနစ်နှစ်တာကာလအတွင်း ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအဖြစ် ယာဉ်အစီးရေ ၈၈၆၂၃၄ စီးအတွက် ဒေါ်လာ ၁၀ ဘီလျံဖိုး ခွင့်ပြု
Published 16 December 2017

၂၀၁၁ ခုနှစ်မှစ၍ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်း ဖြေလျော့ဆောင်ရွက်ပေးခဲ့မှုတွင် လက်ရှိအစိုးရလက်ထက်နှင့် ယခင်အစိုးရကာလနှစ်ခုပေါင်း ခုနစ်နှစ်တာ ကာလအတွင်း စုစုပေါင်း ယာဉ်အစီးရေ ၈၈၆၂၃၄ စီးနှင့် တန်ဖိုးဒေါ်လာ ၁၀ ဘီလျံဖိုး တင်သွင်းခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၄၀၅၆၂ စီး၊ တန်ဖိုး ဒေါ်လာ ၁၀၇၆ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ၁၃၅၈၂၀ စီး၊ တန်ဖိုးဒေါ်လာ ၁၂၅၀ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၄၃၃၆၃ စီး၊ တန်ဖိုး ဒေါ်လာ ၁၃၂၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်၂၂၉၄၁၇ စီး၊ တန်ဖိုး ဒေါ်လာ ၁၉၀၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၇၄၉၄ စီး၊ တန်ဖိုးဒေါ်လာ ၁၇၄၀ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၃၆၉၄၃ စီး၊ တန်ဖိုး ဒေါ်လာ ၁၉၁၁ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအထိ ၅၂၆၃၅ စီး၊ တန်ဖိုး ဒေါ်လာ ၈၀၂ သန်း တင်သွင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ်အပိုပစ္စည်း တင်သွင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၀၃ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၀၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၇ သန်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၃သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၀၃ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ ဒေါ်လာ ၉၉ သန်းဖြစ်ပြီး အစိုးရသစ်လက်ထက်နှင့် ယခင်အစိုးရကာလနှစ်ခုပေါင်း ခုနစ်နှစ်တာ ကာလအတွင်း စုစုပေါင်း တန်ဖိုးဒေါ်လာ ၆၃၃ သန်း ခွင့်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။