မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် (ရွှေရတု) အခမ်းအနား ကျင်းပ

မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် (ရွှေရတု) အခမ်းအနား ကျင်းပ
Published 30 October 2017

မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားအား တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်တွင် အောက်တိုဘာ ၃၀ ရက်နေ့တွင်ကျင်းပ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

မင်းကွန်းဆရာတော်ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် ဖွားဖတ်ကုသိုလ်အဖြစ် အကြိမ် (၅၀) ပြည့် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် ပွဲတော်ကို နံနက် ၁၀ နာရီမှစတင်ကာ မဟာဗန္ဓုလ ဓမ္မာရုံတွင် မင်းကွန်းတောင်ရိုး ပရိယတ္တိသာသနာနုဂ္ဂဟအဖွဲ့ သြဝါဒစရိယ ဆရာတော်ကြီးများမှ သီလတရားပေးခြင်း၊ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး စာအောင်သံဃာ/သီလရှင်များအား ဘွဲ့တံဆိပ်များ ဆပ်ကပ်လှုန်းခဲ့ကာ မွန်းလွဲပိုင်းတွင် မင်းကွန်းဆရာတော်ကြီး ကိုယ်ပွားရုပ်တုနှင့် စာအောင်သံဃာများအား ပင့်ဆောင်ကာ မင်းကွန်းဒေသအတွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

စာအောင် အခမ်းအနားတွင ်ယခုရွှေရတုနှစ်တွင် အာဂုမ်ပြန် အငယ်တန်းမှ စာချတန်းထိ အောင်မြင်ခဲ့သော သံဃာ/သီလရှင် ၁၇၂ ပါးအား ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အနှစ် ၅၀ အတွင်း ပရိယတ္တိ သာသနာလင်္ကာရဘွဲ့ရ သံဃာ/ သီလရှင် ၂၉ ပါးအား ပြန်လည်ပင့်/ဖိတ်၍ ပူဇော်ခြင်း၊ ဘွဲ့လက်မှတ်နှင့် စာအောင်ဆုများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘွဲ့နှင်းအခမ်းအနားပြီး မွန်းလွဲပိုင်းတွင် ၁၀၆-နှစ်ပြည့် မွေးနေ့ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး အမှူးပြုသော ဘွဲ့ရသံဃာ သီလရှင်များအား မင်းကွန်းဒေသ နယ်မြေအတွင်း၌ မင်းကွန်းတောင်ရွာ/မြောက်ရွာ/ရွာသစ်၊ ထန်းမြင့်တောင်/မြောက်ရွာ၊ ရှားရောင်း၊ ဈေးကုန်း၊ ကင်းရွာများမှ ဝတ်အသင်းများ၊ ဓမ္မစကြာ အသင်းများ၊ အတီးအမှုတ်အကအခုန်များ၊ မင်္ဂလာဗျောများဖြင့် မင်းကွန်းဒေသအတွင်း လှည့်လည်အပူဇော်ခံခဲ့ကာ မင်းကွန်းပုထိုးတော်ကြီးတွင် လှည့်လည်ပူဇော်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။