ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းရန် ယဉ်ကျေးမှုဇုန်နှင့် အနည်းဆုံး ၁၀ ကီလိုမီတာ ကွာဝေးသည့်နေရာတွင် ဟိုတယ်ဇုန်များ၊ မြို့ကွက်သစ်များ ဖော်ထုတ်ရန် Town Plan ရေးဆွဲနေ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းရန် ယဉ်ကျေးမှုဇုန်နှင့် အနည်းဆုံး ၁၀ ကီလိုမီတာ ကွာဝေးသည့်နေရာတွင် ဟိုတယ်ဇုန်များ၊ မြို့ကွက်သစ်များ ဖော်ထုတ်ရန် Town Plan ရေးဆွဲနေ
Published 20 October 2017

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းရန် ယဉ်ကျေးမှုဇုန်နှင့် အနည်းဆုံး ၁၀ ကီလိုမီတာ ကွာဝေးသည့်နေရာတွင် ဟိုတယ်ဇုန်များ၊ မြို့ကွက်သစ်များ ဖော်ထုတ်ရန် Town Plan ရေးဆွဲနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများကို ပြောကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၁၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သူရဦးအောင်ကိုက မီဒီယာများ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်ဇုန်နှင့် မြို့ကွက်သစ်များကို တည်ဆောက်ရန် ပုဂံမှ ကျောက်ပန်းတောင်းသို့သွားသည့်ဘက်၊ ပုပ္ပားဘက်၊ ကိုဗျတ္တပန်းဆက်လမ်းဘက်၊ ပခုက္ကူသို့သွားသည့်ဘက်များတွင် ချဲ့ထွင်ရန် နေရာများရှိကြောင်း ဝန်ကြီးသူရဦးအောင်ကိုက ဆိုသည်။

လက်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ ဆောက်လက်စ၊ ဆောက်လုပ်ပြီး ဟိုတယ်များနှင့်ပတ်သက်၍ အရင်းကျေကာလကို ယူနက်စကိုက ၁၀ နှစ် သတ်မှတ်သင့်သည်ဟု အကြံပြုထားပြီး လုပ်ငန်းရှင်များက ၁၀ နှစ်မှာနည်းကြောင်း၊ အနည်းဆုံး ၁၅ နှစ်၊ နှစ် ၂၀ သတ်မှတ်ရန် တင်ပြကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် မျှတရန် အကြမ်းဖျင်း ၁၅ နှစ်ဟု လျာထားကြောင်း၊ အတိအကျ မသတ်မှတ်ရသေးကြောင်း၊ လုံးဝမဆောက်ရသေးသည့် ဟိုတယ် ၁၇ လုံးကို ဆောက်ခွင့်မပြုတော့ကြောင်း ၎င်းကဆိုသည်။ ထု့ိပြင် ပုဂံဒေသ၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သွားပါက နိုင်လွန်ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများကို ခင်းခွင့်ပြုမည် မဟုတ်ကြောင်း၊ ခေတ်ပေါ်အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းများကို လုပ်ခွင့်ပြုမည် မဟုတ်တော့ကြောင်း၊ စေတီပုထိုး၊ သာသနိက အဆောက်အအုံများ အက်ကွဲသွားခြင်း၊ ယိမ်းယိုင်သွားခြင်းမျိုး ဖြစ်နိုင်သော ကားကြီးများသွားလာမှုကို သီးခြားမြို့ရှောင် လမ်းလွဲများဖောက်ကာ ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent