မုံရွာမြို့နယ် သမိုင်းဝင်မဟာစေတီလှ ဘုရားပွဲသို့ ဘုရားဖူးလာရောက်သည့် ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်တွဲယာဉ်များ ယာဉ်ကြောပိတ်မိသည်ထိ အထူးများပြားနေ

မုံရွာမြို့နယ် သမိုင်းဝင်မဟာစေတီလှ ဘုရားပွဲသို့ ဘုရားဖူးလာရောက်သည့် ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်တွဲယာဉ်များ ယာဉ်ကြောပိတ်မိသည်ထိ အထူးများပြားနေ
Published 5 October 2017

စစ်ကိုင်းတိုင်းဒေသကြီ၊  မုံရွာခရိုင်၊ မုံရွာမြို့နယ် သာစည်ကျေးရွာတွင် တည်ရှိသော သမိုင်းဝင် မဟာစေတီလှ ဘုရားပွဲတွင် ဘုရားဖူးလာရောက်သည့် ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်တွဲယာဉ်များ အထူးများပြား၍ ပိတ်မိမှု ဖြစ်ပွားနေကြောင်း သိရသည်။

နှစ်စဉ်ကျင်းပနေသည့် သမိုင်းဝင် မဟာစေတီလှ ဘုရားပွဲကို သီးတင်းကျွတ် လပြည့်နေတွင် ကျင်းပပြုလုပ်လေ့ရှိပြီး ယင်းဘုရားပွဲသည် ယခင်နှစ်ထက် ဘုရားဖူးလာရောက်သူ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

သမိုင်းဝင် မဟာစေတီလှ ဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်သည့် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များသည် ဘုရားသွားရာ လမ်းနှစ်ဖက်စလုံး ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်တွဲယာဉ်များ အထူးများပြားပြီး ပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် သာစည်ကျေးရွာအနီး သာစည်ကားလမ်းမ တစ်လျှောက်မှာလည်း ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်တွဲယာဉ်များ ပိတ်မိလျက်ရှိကြောင်း သိရသည်။

သမိုင်းဝင် မဟာစေတီလှ ဘုရားပွဲတော်တွင် မီးပုံများ လွှတ်တင်ခြင်း၊ နဂါးအကများဖြင့် ဖျော်ဖြေကပြခြင်း၊ ဘုရားဖူးလာ ဧည့်သည်များအား မုန့်တီသုတ်၊ မုန့်ဟင်းသုတ်၊ ထမင်းနှင့် ကြာဇံဟင်းခါးများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။