ကမ္ဘာ့ရွှေဈေး ၁၂၆၉ ဒေါ်လာအထိ ဆက်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၂၀၀၀ ကျော်အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ၁၂၆၉ ဒေါ်လာအထိ ဆက်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၂၀၀၀ ကျော်အထိ ကျဆင်း
Published 4 October 2017

ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်

အောက်တိုဘာ ၃ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၆၉ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၂၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက်တွင် ၉၄၇၉၀၀ အထိကျဆင်းခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် ၉၅၁၀၀၀ အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၉၄၂၅၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ၉၄၀၈၀၀၊ စက်တင်ဘာ ၂၄ ရက်တွင် ၉၃၉၉၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် ၉၃၇၈၀၀ အထိ ဆက်တိုက် ပြန်လည်ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၆ ရက်တွင် ၉၄၇၄၀၀ အထိမြင့်တက်ခဲ့ကာ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။

သြဂုတ်လအတွင်း မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးနှုန်းသည် စက်တင်ဘာလအတွင်းတွင်လည်း ဆက်လက်မြင့်တက်ခဲ့သည်။ စက်တင်ဘာလအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၁၃၅၆ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂၉၀ အထိဖြစ်ပေါ်ခဲ့ကာ ကွာဟချက် ၆၆ ဒေါ်လာဝန်းကျင်အထိ ရှိခဲ့သည်။