လုံခြုံရေး တပ်ဖွဲ့ဝင်များအား လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်

လုံခြုံရေး တပ်ဖွဲ့ဝင်များအား လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်
Published 9 September 2017
အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိထားသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဆင်အိုးပြင်ကျေးရွာ၌ ပုန်းခိုနေထိုင်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့် စက်တင်ဘာ ၇ ရက် ည ၇ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးရာ အဘူဂေါ်ဘူ (၂၃ နှစ်) (ဘ) မီရာလောက်အား ဝဲဘက်ခြေမျက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိ၍ ဆေးဝါးကုသပေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။
 
အဘူဂေါ်ဘူ (၂၃ နှစ်) (ဘ) မီရာလောက်သည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် ဓားရှည်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းစဉ် သေနတ်ကျည်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။