တိုင်းပြည်၏ ကြွေးမြီပြဿနာကို ကူညီဖြေရှင်းသည့် အနေဖြင့် မလေးရှားဘုရင် လစာလျှော့ယူမည်

တိုင်းပြည်၏ ကြွေးမြီပြဿနာကို ကူညီဖြေရှင်းသည့် အနေဖြင့် မလေးရှားဘုရင် လစာလျှော့ယူမည်
Published 13 June 2018

စူလ်တန်မူဟာမက်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (Photo : AFP)

လာဘ်စားမှု ဖိစီးခဲ့သော အစိုးရဟောင်းထံမှ အမွေဆက်ခံခဲ့ရသည့် ကြီးမားသော ကြွေးမြီများကို လျှော့ချရန် လစာ ၁၀ ရာခိုင်နှုန်းကို လျှော့ယူမည့် အစိုးရသစ်၏ ကြိုးပမ်းချက်ကို မလေးရှားဘုရင်က ထောက်ခံခဲ့ကြောင်း မြို့တော်ဝန် အရာရှိများက ပြောကြားခဲ့သည်။

ကြွေးမြီကို လျှော့ချရန် အစိုးရဝန်ထမ်းများက ၎င်းတို့၏ လစာများအား လျှော့ယူပြီး အစိုးရ၏ ရန်ပုံငွေထဲသို့ ထည့်ဝင်ပေးခဲ့ကြပြီးနောက် ပဉ္စမမြောက် စူလ်တန်မူဟာမက်က ၎င်း၏ လစာကို လျှော့ချရန် ကမ်းလှမ်းခဲ့သည်ဟု တော်ဝင်အရာရှိများက ပြောကြားခဲ့သည်။

တာဝန်ထမ်းဆောင်ချိန်တွင် ပြည်သူပိုင်ငွေများကို ခိုးယူခဲ့သည်ဟု စွပ်စွဲခံရသော ခေါင်းဆောင်ဟောင်း နာဂျစ်ရာဇက် ဦးဆောင်သော အစိုးရ၏ နှစ်ပေါင်းများစွာ အုပ်ချုပ်ပုံ မှားယွင်းမှုကြောင့် နိုင်ငံသည် အကြွေးရင်းဂစ် တစ်ထရီလျံ (ဒေါ်လာ၂၅၀ဘီလျံ) တင်နေသည်ဟု အစိုးရသစ်က ပြောကြားသည်။

အသက် ၄၈ နှစ်ရှိ ဘုရင်သည် ၎င်း၏ သက်တမ်း ၂၀၂၁ အထိ အစိုးရအဖွဲ့က ၎င်းအား ခွင့်ပြုပေးထားသော ငွေကို လျှော့ယူလိမ့်မည်ဟု ဘုရင့်နန်းတော်က ဇွန် ၁၁ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သော်လည်း ဘုရင်သည် ငွေမည်မျှရသလဲ ဆိုသည်ကိုမူ အသေးစိတ် မပြောကြားခဲ့ပေ။

Ref : AFP

Most Read

Most Recent