ရုရှားထောက်လှမ်းရေးနှင့် ပူးပေါင်းပြီး ယူကရိန်းသမ္မတကို သတ်ဖြတ်ရန် စီစဉ်မှုဖြင့် ပိုလန်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ရုရှားထောက်လှမ်းရေးနှင့် ပူးပေါင်းပြီး ယူကရိန်းသမ္မတကို သတ်ဖြတ်ရန် စီစဉ်မှုဖြင့် ပိုလန်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
Published 19 April 2024
Ref :BBC

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကို ဖြစ်နိုင်ခြေရှိသည့် လုပ်ကြံသတ်ဖြတ်မှုအတွက် အထောက်အကူရရှိရန် ရုရှားထောက်လှမ်းရေးနှင့် ပူးပေါင်းကြံစည်မှုစွဲချက်ဖြင့် ပိုလန်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပိုလန်အာဏာပိုင်များက ပြောကြားခဲ့သည်။

ပါဝယ်ကီအမည်ရှိ အဆိုပါအမျိုးသားသည် ပိုလန်တွင် ယူကရိန်းသမ္မတအသုံးပြုခဲ့သည့် လေဆိပ်တစ်ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန် တာဝန်ပေးအပ်ခံထားရကြောင်း စွပ်စွဲခံထားရသည်ဟု ပိုလန်အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့၏ သတင်းပေးချက်အရ အဆိုပါအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟုလည်း ၎င်းတို့က ဆိုသည်။

သံသယရှိသူထိုအမျိုးသားသည် သတင်းအချက်အလက်များ ပေးပို့ခဲ့ခြင်းရှိ မရှိ အာဏာပိုင်များက အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

သံသယရှိသူသည် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုပါက ထောင်ဒဏ်ရှစ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး လက်ရှိတွင် အချုပ်ချခံထားရကာ စစ်ဆေးမေးမြန်းခံနေရသည်။

Most Read

Most Recent