လိုင်စင်မရသေးသော အီဘိုလာ ကာကွယ်ဆေးကြောင့် ဒီအာကွန်ဂိုတွင် ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရာ၌ ရှုပ်ထွေးစေဟု MSFသတိပေး

လိုင်စင်မရသေးသော အီဘိုလာ ကာကွယ်ဆေးကြောင့် ဒီအာကွန်ဂိုတွင် ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရာ၌ ရှုပ်ထွေးစေဟု MSFသတိပေး
Published 27 May 2018

မေ ၂၁ ရက်က အမ်ဘန်ဒါကာမြို့တွင် WHO နှင့် တွဲဖက်လုပ်ကိုင်နေသော သူနာပြုတစ်ဦးက အီဘိုလာ ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေစဉ် (Photo : AFP)

ဒီအာကွန်ဂိုတွင် လိုင်စင်မရသေးသော အီဘိုလာကာကွယ်ဆေးအား အသုံးပြုမှုကြောင့် ရှုပ်ထွေးမှုသည် ထိုရောဂါ ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရာတွင် ကြိုးပမ်းမှုများကို အားလျော့စေနိုင်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မေ ၂၄ ရက်တွင် သတိပေးခဲ့သည်။

ယခုအခါ ဒီအာကွန်ဂို၌ သေဆုံးသူ ၂၇ ဦးအထိရှိလာသော အီဘိုလာကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် ကျန်းမာရေး ဝန်ထမ်းများ သည် ယခုသီတင်းပတ်အတွင်း ပမာဏသေးငယ်ပြီး သတ်မှတ်ထားသော ကာကွယ်ဆေးထိုးနှံမှုကို စတင်ခဲ့ သည်။ လိုင်စင်မရသေးသော rVSV-ZEBOV ကာကွယ်ဆေးအား လတ်တလောတွင် ရောဂါကူးစက်ပျံ့နှံ့မှုအား ပထမဆုံး တုံ့ပြန်ဖြေရှင်းသူများကို ထိုးနှံပေးမည်ဖြစ်ပြီး မကြာမီ သံသယဖြစ်ဖွယ် အခြေအနေများနှင့် ထိတွေ့မိသူတိုင်းကို ထိုးနှံပေးမည်ဖြစ်ကာ ယင်းနောက် ထိတွေ့မိသူ အားလုံးကို ထိုးနှံပေးရန် စီစဉ်ထားကြောင်း သိရသည်။

လာမည့်လအတွင်း လူ ၁၀၀၀၀ ခန့်အား ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။ သို့သော် ပြင်သစ်အမည် အတိုကောက် MSF ဟု လူသိများသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မြေပြင်အခြေအနေတွင် လုပ်ကိုင်နေရသူ အများအပြားသည် ကာကွယ်ဆေး လိုင်စင် မရသေးမှုနှင့် မည်သူ့အား ကာကွယ်ဆေး ထိုးနှံပေးမည်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုနှင့် မရေရာမှု ကြုံနေရဟု ပြောကြားခဲ့သည်။

WHO ကမူ rVSV-ZEBOV ကာကွယ်ဆေးသည် လိုင်စင်မရ သေးသော်လည်း အလွန်အမင်း ထိရောက်မှုရှိပြီး ဘေးကင်းကြောင်း ထုတ်ပြန်ခဲ့သည်။ ဧပြီအစောပိုင်းမှ စတင်၍ ယခုအချိန်အထိ အီဘိုလာ ဖြစ်ပွားမှု ၅၈ မှုကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

ဒီအာကွန်ဂို အနောက်မြောက်ပိုင်းရှိ အလွန်အမင်း ဝေးလံခေါင်သီသော ဘီကိုရို၌ မေ ၈ ရက်တွင် အီဘိုလာရောဂါ စတင်ဖြစ်ပွားကြောင်း တရားဝင် ကြေညာခဲ့သည်။ ယင်းနောက် လူဦးရေ ၁ ဒသမ ၂ သန်းခန့် နေထိုင်သော အမ်ဘန်ဒါ ကာမြို့သို့ ရောဂါကူးစက် ပျံ့နှံ့ခဲ့ကာ ဒီအာကွန်ဂိုရှိ နေရာအများအပြားနှင့် အိမ်နီးချင်းနိုင်ငံများသို့ပါ အီဘိုလာရောဂါ ပျံ့နှံ့သွားမည်ကို စိုးရိမ်မှု ရှိနေသည်။

Ref : AFP

Most Read

Most Recent